ကျန်းမာရေးကောင်း၊ မကောင်း ကိုယ့်ဘာသာ ဘယ်လိုစမ်းသပ်ကြည့်နိုင်မလဲ

health-visitor-and-senior-man-during-home-visit-PKHU5YE.jpg

ပုံမှန် ကျန်းမာရေး စစ်ဆေးတာဟာ ကောင်းတဲ့ အလေ့အထ တစ်ခု ဆိုပေမဲ့ အလုပ်မအားလို့ပဲဖြစ်ဖြစ်၊ ငွေကြေး အကုန်အကျ မတတ်နိင်လို့ပဲဖြစ်ဖြစ် မစစ်ဆေးဖြစ်ကြပါဘူး။ ရောဂါ ဝေဒနာဆိုတာက ဖြစ်မှ ကုရတာထက် မဖြစ်ခင် ဒါမှမဟုတ် သိသိချင်း ကုသသင့်ပါတယ်။ ဒီတစ်ခါတော့ သင့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာ ဘယ်လိုစစ်ဆေးနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ကြွက်သား အဆစ်အမြစ်တွေကို စစ်ဆေးခြင်း

ဒီစစ်ဆေးခြင်းကို ပြုလုပ်ဖို့အတွက် သင့်ရဲ့ခြေထောက်နှစ်ဖက်ကို ဖြောင့်ဖြောင့်ဆန့်တန်းပြီး ထိုင်လိုက်ပါ။ ပြီးရင်တော့ သင့်ရဲ့လက်နဲ့ခြေချောင်းလေးတွေကို ထိနိင်မလား စမ်းကြည့်ပါ။ တကယ်လို့ ထိတယ်ဆိုရင် ကြွက်သားတွေနဲ့ပတ်သက်ပြီး ပြဿနာမရှိနေပါဘူး။ မထိနိုင်ဘူးဆိုရင်တော့ အဆစ်အမြစ်ကြွက်သားတွေ အားနည်းနေတာဖြစ်ပြီး ရေကူးခြင်း၊ ယောဂကျင့်စဉ်များကျင့်ခြင်း စတဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။

သွေးလည်ပတ်မှု စစ်ဆေးခြင်း

သင့်ရဲ့လက်ချောင်းလေးတွေကို ရေခဲရေထည့်ထားတဲ့ ဖန်ခွက်ထဲမှာ စက္ကန့် ၃၀လောက် ခဏစိမ်ထားလိုက်ပါ။ စက္ကန့် ၃၀လောက်ထားပြီး ရေထဲက ပြန်ဆယ်လိုက်တဲ့အခါ သင့်လက်ချောင်းလေးတွေက အဖြူ ဒါမှမဟုတ် အပြာရောင် ပြောင်းနေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးလည်ပတ်မှုက ပုံမှန် မဟုတ်ပါဘူး။ မကြာခဏ ခေါင်းမူးခေါင်းကိုက်ခြင်း စတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိင်ပါတယ်။

နှလုံးကျန်းမာရေးကို စစ်ဆေးခြင်း

ဒီစစ်ဆေးချက်ကို မပြုလုပ်မီ လှုပ်လှုပ်ရှားရှား မလုပ်ဘဲ ၅ မိနစ်လောက် ငြိမ်ငြိမ်လေး နေလိုက်ပါ။ ပြီးရင်တော့ သင့်ရဲ့ လက်ကောက်ဝတ်မှာရှိတဲ့ သွေးလွှတ်ကြောကို ဖိပြီး တစ်မိနစ်ကို အကြိမ်ဘယ်လောက် သွေးခုန်သလဲဆိုတာကို မှတ်ထားပါ။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်မိနစ်ကို ၆၀ ကနေ ၁၀၀ အတွင်း ခုန်လေ့ရှိပါတယ်။ ပိုနည်း ဒါမှမဟုတ် ပိုပြီးများနေမယ်ဆိုရင်တော့ သွေးပေါင်ချိန်နဲ့ ပတ်သက်ပြီးတော့ အန္တရာယ်ရှိနိုင်ပါတယ်။ အဲဒီလိုဖြစ်ရင်တော့ ကိုယ့်ဘာသာ ဆေးသောက်ခြင်းထက် ကျွမ်းကျင်ဆရာဝန်ထံမှာ သွားရောက်ပြသသင့်ပါတယ်။

အသက်ရှူလမ်းကြောင်း စစ်ဆေးခြင်း

မီးခြစ်ဆံ တစ်ချောင်းကို မီးခြစ်ပြီး သင်ရဲ့ အရှေ့တည့်တည့်မှာထားပါ။ အသက်ကို သင့်ရဲ့နှာခေါင်းမှ တဆင့် နက်ရှိုင်းစွာ ရှူရှိုက်ပြီးနောက် မီးခြစ်ဆံက မီးတောက် ငြိမ်းသွားအောင် ပါးစပ်မှတစ်ဆင့် ပြန်ပြီးမှုတ်ထုတ်လိုက်ပါ။ မီးငြိမ်းဖို့အတွက် ၂ ကြိမ်နဲ့အထက် အကြိမ်များစွာ ရှူသွင်း ရှူထုတ် လုပ်နေရတယ်ဆိုရင်တော့ သင့်ရဲ့အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုဖြစ်နေပါပြီ။ အဓိကအားဖြင့်တော့ ဆေးလိပ် အလွန်အကျွံသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း စတာတွေကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။

မျက်စိ စမ်းသပ်ခြင်း

အရေးကြီးဆုံး အင်္ဂါ အစိတ်ပိုင်း တစ်ခုဖြစ်တဲ့ မျက်စိကို စမ်းသပ်ဖို့အတွက် အခုဖော်ပြထားတဲ့ ပုံထဲက ကိန်းဂဏန်းကို တွေ့အောင်ရှာကြည့်ပါ။ တကယ်လို့ ရှာမတွေ့ဘူးဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ပြသပြီး လမ်းညွှန် အကြံပေးချက် ရယူသင့်ပါတယ်။

Ref: “Simple Tests to Evaluate Your Health”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top