အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂-၉-၂၀၁၈ မှ ၈-၉-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-1-September.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂-၉-၂၀၁၈ မှ ၈-၉-၂၀၁၈ ရက်နေ့အထိ)

ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့၏ စီးပွားရေး လုပ်ငန်းများ ပုံမှန်သာဖြစ်နေမည်။ လုပ်လက်စ လုပ်ငန်းများ ဆက်လုပ်ပါ၊ အေးဆေးငြိမ်သက်နေမည့်ကာလဖြစ်သည်။ ရေလုပ်ငန်း လုပ်ကိုင်သူများ စီးပွားကောင်းမည်။ သတ္တုတွင်းလုပ်သူများ ညံ့ပါသည်။ ကျန်းမာရေးအနေဖြင့် တုတ်ကွေးဖြစ်တတ်သည်။ အသည်းရောဂါရှင်များ သတိထားရမည့်အချိန်ဖြစ်ပါသည်။ အချစ်ရေးကတော့ ချစ်သူ၏ အဖြေရမည်။ အိမ်ထောင်ရှင်များကတော့ ယာယီခရီးသွားရတတ်သည်။ ပညာရေးသမားများ ရာထူးစာမေးပွဲအောင်မြင်ပါမည်။ အိမ်၊ခြံ၊မြေ ဝင်တတ် ထွက်တတ်ပါသည်။ အစိုးရဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၀၊ ၉။

ယတြာ – ရဟန်းတစ်ပါးအား အုန်းသီးပါသော မုန့်လှူဒါန်းပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများ အထူးသတိထားသင့်ပါသည်။ ယာဉ်စက်လုပ်ငန်း၊သတ္တုလုပ်ငန်း လုပ်သူများ အဆင်ပြေမည်။ ကျန်းမာရေးအနေနှင့် ခွဲစိတ်ထားသူများ အထူးသတိပြုပါ။ သာမန်အဖျားလည်း ဖြစ်တတ်သည်။ အချစ်ရေးအနေနှင့် စိတ်တိုင်းကျသော ချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရေးတွင် မိဘတို့ကို အကြောင်းပြုပြီး အိမ်တွင်းရေး ပူလောင်နေတတ်သည်။ သားကြီးသမီးကြီး ကျန်းမာရေးညံ့တတ်သည်။ ပညာရေးသမားများ အထူးကြိုးစားရမည်။ ရတနာပစ္စည်း အဝင်ကောင်းပါသည်။ ဝန်ထမ်းများ အထက်လူကြီးကြောင့်စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၀။

ယတြာ– တနင်္လာနေ့တွင်နွမ်းပါးသူကို ထမင်းတစ်နပ်လှူလိုက်ပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းမှာ ပြိုင်ဘက်များကို အောင်နိုင်သည့်အချိန် ဖြစ်သည်။ မိမိလုပ်ကိုင်သောစီးပွားရေးတွင် ပြိုင်ဆိုင်သူများကို ကျော်တက်ရမည့်အချိန်ကောင်းဖြစ်သည်။ မနာလိုသူများမည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းများတိုးတက်မည်။ လယ်ယာထုတ်ကုန်များလည်း ကံကောင်းနေသည်။ ကျန်းမာရေးအနေနှင့် အစာအိမ် အထူးသတိထားရလိမ့်မည်။ အချစ်ရေးတွင် ကံကောင်းပြီးလက်ထပ်ရန် စောင့်ရလိမ့်မည်။ အိမ်ထောင်ရေးသမားများ အလုပ်ကိုအကြောင်းပြုပြီး ခရီးများနေမည်။ ပညာရေးသမားများစိတ်ချမ်းသာရမည်။ ဝန်ထမ်းများ ကံကောင်းနေတတ်သည်။ လက်နက်ကိုင်ဝန်ထမ်းများ ပင်ပန်းမည်။

အကျိုးပေးဂဏန်း – ၃ ၊ ၂ ၊ ၀။

ယတြာ – အင်္ဂါနေ့တွင် ရဟန်းတစ်ပါးကို ဆွမ်းနှင့် ငွေ ၉၀၀ လောင်းလှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ကတော့ ရွှေလုပ်ငန်း လုပ်ကိုင်သူများ အနည်းငယ်ညံ့နေလိမ့်မည်။ ဆောက်လုပ်ရေး၊ကွန်ပျူတာနည်းပညာ၊ဆက်သွယ်ရေး တို့နှင့်ဆိုင်သော လုပ်ငန်းရှင်များ အလွန်ကောင်းသောအချိန်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် ကျောက်ကပ်နှင့် ဆီးချိုရောဂါသည်များ အထူးသတိထားရမည်။ အချစ်ရေးတွင် လက်ထပ်ရန်အတွက် မိဘတို့သဘောမတူဖြစ်တတ်သည်။ အိမ်ထောင်သည်များသံသယ များနေတတ်သည်။ပညာရေးတွင် အလွန်ကြိုးစာရမည်။ စက်ပစ္စည်းများ၊ ဓါတ်ဆီ၊ ဒီဇယ် စသည့်တို့နှင့်အသုံးပြုရသော စက်ကြီးများ ဝင်မည်။ ဝန်ထမ်းများ ပါးစပ်ကြောင့် ပြသနာဖြေရှင်းရလိမ့်မည်။

ရာဟု သားသမီးတို့ကတော့ စိတ်ညစ်ရမည်။ အချစ်ရေးတွင် အဝေးရောက်ချစ်သူများ မေ့သွားတတ်သည်။ သတိထားပါ။ စီးပွားရေးတွင် ငွေကြေးရောင်း/ဝယ်သူများ ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကြောင့် ငွေကြေးရတတ်သည်။

အကျိုးပေးဂဏန်း – ၄ ၊ ၈ ၊ ၉။

ယတြာ – ယခုတစ်ပတ်အတွင်း ဘုရားကို ရွှေသင်္ကန်းလှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေး သားသမီးတို့အတက် စီးပွားရေး အခြေအနေမှာဘာမှမထူးခြားသည့်အခြေအနေဖြစ်နေတတ်သည်။ကုန်စုံဆိုင်လုပ်ငန်းနှင့် မုန့်လုပ်ငန်းများ အမြတ်ရမည့်ကာလဖြစ်ပြီး ၊ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ အေးနေမည်။ ကျန်းမာရေးအနေနှင့်ကတော့ ခါးနားတတ်သည်၊ ဦးခေါင်းနှင့်ဆိုင်သော ဝေဒနာရှင်များ သတိပြုပါ။ အချစ်ရေးနှင့်ပါတ်သက်ပြီး ချစ်သူအသစ်ထပ်ရတတ်သည်။ အိမ်ထောင်သည်များလည်း ချစ်သူအသစ်ရတတ်ပြီး ပြသနဖြစ်တတ်သည်။ ထိုကိစ္စသည် ခဏသာဖြစ်ပြီး မိသားစုသောကရောက်ရခြင်း၊ ငွေကုန်ခြင်းသာဖြစ်မည်။ ပညာရေးလိုက်နေသော သင်တန်းသားများ အတွက်အချက်များ အထူးသတိပြုပါ။ ကား ဝင်တတ်၊ထွက်တတ်သည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၇။

ယတြာ –နွမ်းပါးသူကို ငွေလှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေး လုပ်ငန်းများတွင် အနှောက်အယှက်ဝင်မည်။ စက်သုံးဆီစက်လုပ်ငန်းများ ကံကောင်းနေသည်။ ရေလုပ်ငန်းလုပ်ငန်းများတွင် ရန်သူမျိုး(၅)ပါး ပေါ်တတ်သည်။ ငွေကြေးကို အခြေခံသူများကတော့ တရားရုံးအထိတက်ရောက်ရတတ်သည်။ ကျန်းမာရေးအနေနှင့် အဆုတ်ရောဂါရှိသူများ အထူးသတိထားရန်လိုအပ်သည်။ အချစ်ရေးကတော့ ကွဲကွာနေသောချစ်သူနှင့် ပြန်ဆုံရမည်။ အိမ်ထောင်ရှင်များ ရည်းစားဟောင်းနှင့် ပြန်ချိတ်ဆက်မတတ်သည်။ ပညာရေးသမားများ ရာထူးအတွက် စာမေးပွဲအောင်ပါလိမ့်မည်။ စက်ပစ္စည်းများဝင်မည်၊ ထွက်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၆ ၊ ၃ ၊ ၁။

ယတြာ – မည်သည့်နေ့တွင်မဆို ဘုရားရှင်အား ပန်း၊ ဆီမီး၊ အမွှေးတိုင်ဖြင့် သေချာပူဇော်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများအား သတိပြု လုပ်ကိုင်ရန်ဖြစ်သည်။ စပ်တူလုပ်ငန်းမှ စာရင်းဇယားများ ရှုပ်ထွေးနေတတ်သည်။ ခရီးသွားလုပ်ငန်းအထူးအောင်မြင်တတ်ပြီး မီဒီယာလုပ်ငန်းများ အမြတ်နည်းလိမ့်မည်။ ကျန်းမာရေးအနေဖြင့် အထူးသတိထားပါ၊ ယာဉ်အန္တရာယ်ကြောင့် ခွဲစိတ်ရသည်အထိ ဖြစ်တတ်သည်။ ငွေကြေးလုပ်ငန်းများမှ ငွေကြေးအမြတ်ရလိမ့်မည်။ အချစ်ရေးတွင် ကံကောင်းပြီး မိဘတို့ သဘောတူမည်။ အိမ်ထောင်သည်များ ရန်ဖြစ်နေတတ်ပြီး အိမ်ထောင်ရေးကို ထိခိုက်လိမ့်မည်။ အဖိုးတန်လျှပ်စစ်ပစ္စည်းဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ ကြိုးစားရမည်။ ဝန်ထမ်းများ ကောင်းပါသည်။

အကျိုးပေးဂဏန်း – ၀ ၊ ၅ ၊၃။

ယတြာ – စနေနေ့တွင် ကလေးများကို မုန့်ကျွေးပါ။

ဆရာကင်္ကသူ

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top