SAG ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသမီး မီချဲယို

27.2.2023-image-3.jpg

အက်ရှင်ဇာတ်ကားတွေနဲ့ လူသိများတဲ့ ထိပ်တန်းမင်းသမီးမီချဲယိုက နိုင်ငံတကာဆုပေးပွဲတွေမှာ အဓိကဆုတွေ တစ်ခုပြီးတစ်ခုဆွတ်ခူးနေပါတယ်။ တနင်္ဂနွေညက ပြုလုပ်တဲ့ Screen Actors Guild Awards မှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။ သူဟာ ဒီဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသမီးဖြစ်လာခဲ့ပါတယ်။

မီချဲယိုက ၂၀၂၂ ခုနှစ်ရဲ့ “Everything Everywhere All at Once” ဇာတ်ကားထဲက Evelyn Wang ဇာတ်ကောင်နဲ့ ဒီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ခဲ့တာပါ။ ဒီဆုကို လက်ခံရင်း “ကျွန်မ ပြောရရင် ကျွန်မ့နှလုံးသားပေါက်ကွဲထွက်တော့မယ်ထင်တယ်။ SAG… ဒီဆုကို ရဖို့အတွက် လူတိုင်းလည်း ဘဝခရီးက ရိုလာကိုစတာ၊ အတက်အကျဆိုတာသိမှာပါ။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကျွန်မတို့ ဘယ်တော့မှ အရှုံးမပေးဘူး။ ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒီဆုက ကျွန်မအတွက်တင်မဟုတ်ပါဘူး။ ကျွန်မလိုမျိုး မိန်းကလေးတိုင်းအတွက်ပါ”လို့ မီချဲယိုက ပြောပါတယ်။ သူက ဒီဆုအတွက် သူ့ရဲ့တွဲဖက်သရုပ်ဆောင်တွေကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

““Everything Everywhere All at Once” ဇာတ်ကားက ဆုပေးပွဲရဲ့ထိပ်ဆုံးဆုအမျိုးအစားတွေကို ဆွတ်ခူးသွားခဲ့တာပါ။ မီချဲယိုအပြင် တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ ဂျမီ လီကာတစ်နဲ့ ကီဟွေကွမ်တို့ကလည်း သက်ဆို်ငရာအမျိုးအစားအလိုက် ဆုတွေဆွတ်ခူးရရှိခဲ့ပါတယ်။ မင်းသားကီဟွေကွမ်က မီချဲယိုလိုပဲ ဒီဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသားဖြစ်ပါတယ်။

ဒီဇာတ်ကားက အော်စကာဆုပေးပွဲမှာလည်း ဆန်ကာတင်ဆုစာရင်း ၁၁ ခုဝင်ထားပါတယ်။ မင်းသမီး
မီချဲယိုက ပြီးခဲ့တဲ့လကမှ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားခဲ့တာပါ။

Ref: CNN “Michelle Yeoh makes SAG Awards history with ‘Everything Everywhere All at Once’ win”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top