ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသူအဖြစ် ၁၇ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည့် Samsung Electronics

27.2.2023-image-5.jpg

ယူကေအခြေစိုက် နာမည်ကျော် ဆက်သွယ်ရေးနှင့် နည်းပညာသုတေသနလေ့လာမှုကုမ္ပဏီ Omdia ၏ လေ့လာချက်များအရ ၂၀၂၂ ခုနှစ် ကမ္ဘာ့တီဗီ ဈေးကွက်တွင် နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသူအဖြစ် သတ်မှတ်ခံခဲ့ရသည့် Samsung Electronics Co., Ltd သည် ၁၇ နှစ်ဆက်တိုက် ကမ္ဘာ့ဦးဆောင် နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသူအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ Samsung ၏ QLED နှင့် Neo QLED တီဗီအရေအတွက် စုစုပေါင်း ၉.၆၅ သန်း အား ရောင်းချနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ကမ္ဘာ့နံပါတ်တစ်နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ Samsung အနေနှင့် အဆိုပါ တီဗီအမျိုးအစားများအား စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်လျှင် တီဗီအလုံးရေပေါင်း ၃၅ သန်း ရောင်းချခဲ့ပြီးဖြစ်သည်။

အလားတူ ၇၅” နှင့် ၈၀” အထက် Ultra-Large တီဗီဈေးကွက် တွင်လည်း Samsung အနေနှင့် ၂၀၂၂ ခုနှစ်အတွင်း ဈေးကွက်ဝေစု ၃၆.၁% နှင့် ၄၂.၉% အသီးသီး ရရှိခဲ့သည့်အပြင် အမေရိကန် ဒေါ်လာ ၂,၅၀၀ နှင့်အထက် တန်ဖိုးရှိ Premium တီဗီဈေးကွက်တွင်လည်း ဈေးကွက်ဝေစု ၄၈.၆% ဖြင့် အများဆုံး ရရှိခဲ့သည်။

၂၀၁၆ ခုနှစ်မှစတင်၍ Samsung သည် ပုံမှန်တီဗီဒီဇိုင်းများမှ ကွဲထွက်သော အထင်ကရ Lifestyle တီဗီအမျိုးအစားများ ကိုလည်း စတင်မိတ်ဆက်ခဲ့ပြီး ယခုလက်ရှိတွင် The Serif, The Frame, The Sero, The Terrace, The Premiere နှင့် ယခု နောက်ဆုံး The Freestyle အစရှိသည့် မတူကွဲပြားသော အသုံးပြုမှု အတွေ့အကြုံများအား ရရှိစေမည့် ဆန်းသစ်သော တီဗီဒီဇိုင်း များကိုလည်း စဉ်ဆက်မပြတ် တီထွင်ပေးအပ်လျက် ရှိသည်။

မကြာသေးမီက နည်းပညာနယ်ပယ်တွင် ဂုဏ်သိက္ခာကြီးမားလှသော Consumer Technology Association မှကျင်းပပြုလုပ်ခဲ့သည့် ကောင်းမွန်ထူးချွန်သည့် နည်းပညာအသုံးပြု ထုတ်ကုန်များအတွက် ဂုဏ်ပြုချီးမြှောက်သော နာမည်ကျော် CES 2023 နည်းပညာပြပွဲကြီး၌လည်း Samsung မှ ဆန်းသစ်တီထွင်ထားသည့် ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ဆုတံဆိပ်ပေါင်း ၄၆ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top