UK ရဲ့ ကျန်းမာရေးဝန်ကြီးလည်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံနေရ

11-3-2020-yyl-001.jpg

UK ရဲ့ ကျန်းမာရေးဝန်ကြီးလည်းဖြစ်၊ ဗြိတိန်လွှတ်တော်အမတ်လည်းဖြစ်တဲ့ နာဒင်း ဒေါ်ရစ်စ် ဟာ ကိုရိုနာဗိုင်းရပ်သစ်ကူးစက်ခံနေရကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ အသက် (၆၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာဒင်း ဒေါ်ရစ်စ်က အဲဒီဗိုင်းရပ်စ်သစ်ကူးစက်ခံရတဲ့ ပထမဆုံးဗြိတိန်လွှတ်တော်အမတ်ဖြစ်ပါတယ်။ သူက ကူးစက်ခံရတာကို သိရှိသွားပြီးတဲ့နောက်မှာ အကြုံပြုပေးထားတဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး အိမ်မှာ တစ်ယောက်တည်းနေနေတယ်လို့ ပြောပါတယ်။

Public Health England က သူနဲ့ အဆက်အသွယ်ရှိခဲ့တဲ့ လူတွေကို ရောဂါပိုးရှိမရှိ ရှာဖွေနေတယ်လို့ နာဒင်း ဒေါ်ရစ်စ်က ပြောပါတယ်။ သူက အခုတော့ အဆိုးဆုံးတွေကို ကျော်လွှားနိုင်ပြီလို့ မျှော်လင့်ပါတယ်လို့ တွစ်တာအကောင့်မှာ ရေးသားထားသလို သူ့နဲ့အတူ နေထိုင်တဲ့ သူ့ရဲ့မိခင်ကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။ သူက အင်္ဂါနေ့ကမှ စပြီးချောင်းဆိုးလာခဲ့တာပါ။

သူ အစည်းအဝေးဘယ်လောက် တက်ရောက်ခဲ့လဲဆိုတာ မသိရပါဘူး။ Downing Street event ပွဲကို တက်ရောက်နေတဲ့နေ့ ကြာသပတေးနေ့မှာ လက္ခဏာရပ်စပြခဲ့ပြီး သောကြာနေ့ကတည်းက အိမ်မှာ တစ်ယောက်တည်းနေခဲ့တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ ကျန်းမာရေးအတွင်းရေးမှူး မတ်တ် ဟန်ကော့ခ် အပါအဝင် ကျန်းမာရေးဝန်ကြီးအားလုံးဟာ နာဒင်း ဒေါ်ရစ်စ်နဲ့အတူ အနီးကပ်နေခဲ့တဲ့ အခြားတာဝန်ရှိသူတွေနဲ့အတူ ဗိုင်းရပ်စစ်အတွက် စစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ နာဒင်းဒေါ်ရစ်စ်ဟာ အိမ်မှာ တစ်ယောက်တည်းနေခြင်းဖြင့် ကောင်းတဲ့အရာကို လုပ်ခဲ့တာပါ။ သူမ ပြန်လည်ကောင်းမွန်လာပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး လူတွေ စိုးရိမ်နေကြတာကို ကျွန်တော်နားလည်ပါတယ်။ ပြည်သူတွေကို လုံခြုံအောင်ထားနိုင်ဖို့ လုပ်နိုင်သမျှလုပ်သွားမှာပါ”လို့ မတ်တ် ဟန်ကော့ခ်က ပြောပါတယ်။

UK မှာ ကူးစက်ခံရသူ (၃၈၂) ဦးရှိနေပြီး (၆) ယောက်မြောက်လူက ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့ပါတယ်။ နောက်ဆုံးသေဆုံးခဲ့တဲ့ တစ်ယောက်က ကျန်းမာရေးအခြေအနေ မကောင်းတဲ့ အသက် (၈၀) အရွယ် အမျိုးသားဖြစ်ပါတယ်။ လက်ရှိမှာတော့ တစ်နေ့ လူ (၁၅၀၀) ကို ရောဂါစမ်းသပ် စစ်ဆေးနေပါတယ်။ ရောဂါစစ်ဆေးတဲ့ရလဒ်ကို (၂၄) နာရီအတွင်း ရနိုင်အောင် လုပ်ဆောင်နေပါတယ်။ Public Health England ဟာ UK အနှံ့အပြားက ကိုရိုနာဗိုင်းရပ်စ်သစ်စမ်းသပ်မှု (၂၅,၀၀၀) ကျော် ဆောင်ရွက်ပြီးသွားပါပြီ။

Ref: Coronavirus: Health minister Nadine Dorries tests positive

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top