မန္တလေးမှာ ကိုယ်တိုင်ချက် ဟင်းလျာတွေကို ရောင်းချမယ့် သရုပ်ဆောင် ထူးခြားနဲ့ ပွင့်နဒီမောင်

14-7-2020-yyl-009.jpg

သရုပ်ဆောင်ထူးခြားနဲ့ ပွင့်နဒီမောင်တို့က ဝက်နံရိုးမီးတောက် အပါအဝင် ကိုယ်တိုင်ချက်ဟင်းလျာတွေကို မန္တလေးမြို့မှာ ဇူလိုင် (၁၇) ရက်မှ (၂၀) ရက်အထိ လေးရက်ကြာ ရောင်းချသွားမှာဖြစ်တယ်လို့ ထူးခြားရဲ့ လက်မှုကွန်ယက်စာမျက်နှာပေါ်မှာ ကြေညာထားပါတယ်။

မန္တလေးမြို့၊ ၄၁ လမ်း၊ ၆၀/၆၁ ကြား က Good Evening အမည်ရှိ မာလာရှမ်းကောဆိုင်မှာ ရောင်းချသွားမှာ ဖြစ်ပြီး Bae Gyi ပေ့ချ်မှ အော်ဒါတွေ တင်နိုင်ပြီဖြစ်တယ်လို့ ရေးသားထားပါတယ်။

ထူးခြားနဲ့ ပွင့်နဒီမောင်တို့က ဝက်နံရိုးမီးတောက် အပါအဝင် ဝက်လက်ရှယ်ပေါင်း၊ ရေဘဝဲမီးတောက် စတဲ့ ဟင်းလျာတွေကို ကိုယ်တိုင်ချက်ပြုတ်ကာ ဧပြီအတွင်းက စတင်ရောင်းချနေတာပဲဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top