Samsung Myanmar က သန်လျင်သဘာဝတရားရိပ်သာမှ ဘိုးဘွားများအတွက် ကျပ်သိန်း ၃၃၀ ကျော်ဖိုး သွားရောက်လှုူဒါန်း

8-11-2022yyl31.jpg

Samsung Myanmar အနေနှင့် နိုင်ငံတဝန်းမှ အခွင့်အလမ်းနည်းပါးသည့် လူမှုအသိုင်းအဝိုင်းနှင့် ကလေးငယ်များအတွက် အထောက်အကူဖြစ်စေမည့် ကူညီဖေးမမှုများကို Samsung Love & Care အစီအစဉ်၏ ဒုတိယအကြိမ်မြောက် လှုူဒါန်းမှုအဖြစ် သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် စုစုပေါင်း ကျပ်သိန်း ၃၃၀ ကျော်တန်ဖိုးရှိ ငွေသားထောက်ပံ့မှုများနှင့် Samsung ထုတ်ကုန်များအားနိုဝင်ဘာလ (၄) ရက်နေ့တွင် ကိုယ်တိုင်သွားရောက် လုပ်အားဖြည့် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ပထမဆုံး အစီအစဉ်အဖြစ် သဘာဝတရားရိပ်သာမှ တာဝန်ရှိသူများထံသို့ Team Galaxy အဖွဲ့ဝင် အနုပညာရှင် ပိုးမမှီသာနှင့် Samsung Myanmar အဖွဲ့သားများမှ သက်ကြီးဘိုးဘွားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အလှူဒါနအဖြစ် ငွေကျပ်သိန်း ၁၄၀ အား ပေးအပ်လှူဒါန်းခဲ့သည့်အပြင် သိန်း ၁၉၀ ကျော် တန်ဖိုးရှိ Samsung တက်ဘလက်၊ တီဗီ၊ စမတ်ဖုန်းများနှင့် ဘိုးဘွားများအတွက် တစ်ကိုယ်ရည်သုံး ပစ္စည်းများကိုလည်း လွှဲပြောင်းပေးအပ်ခဲ့သည်။

Samsung Myanmar အဖွဲ့သားများနှင့် ပိုးမမှီသာတို့က ရိပ်သာရှိ သက်ကြီးရွယ်အို အဘိုးအဘွားများထံ သွားရောက်၍ နွေးထွေးစွာ စကားစမြည်ပြောရင်း နေ့လည်စာများနှင့် တည်ခင်း ကျွေးမွေးခဲ့သည့်အပြင် အစားသောက်နှင့် မုန့်များကိုလည်း ဘိုးဘွားများ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝေမျှပေးအပ်ခဲ့ပါသည်။ Samsung Myanmar Customer Service Team မှ ကျွမ်းကျင်သူများကလည်း ရိပ်သာတွင် တီဗီ တပ်ဆင်ပေးခြင်းဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top