Coca-Cola မှ နိုင်ငံတကာအမှတ်တံဆိပ် Dasani ရေသန့် အား မြန်မာနိုင်ငံဈေးကွက်အတွင်း မိတ်ဆက်

16-12-2022-yyl-51.jpg

Coca-Cola မှ ရေသန့်အမှတ်တံဆိပ်သစ် Dasani အား မြန်မာနိုင်ငံဈေးကွက်အတွင်းသို့တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်သည်။ Dasani ရေသန့်အား တစ်ကိုယ်ရည်သောက်သုံးနိုင်ရန် 550ml အရွယ်အစားဖြင့်လည်းကောင်း၊ အများ သောက်သုံးနိုင်ရန် 1L အရွယ်အစားဖြင့်လည်းကောင်း နိုင်ငံတစ်ဝှမ်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင်နှင့် ရုပ်ရှင်ရုံများတို့၌ ရရှိနိုင်ပြီဖြစ်သည်။
Dasani ရေသန့်အား ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံ၌ ဖြန့်ချိရောင်းချလျှက် ရှိသည်။ ကမ္ဘာ့အဆင့်မီ ရေသန့်စင်ခြင်းစနစ် စံနှုန်းများဖြင့် အသိအမှတ်ပြုခြင်းခံရသည့် Dasani အမှတ်တံဆိပ်ရေသန့် သည် သောက်သုံးသူများအား သန့်စင်ကြည်လင်သည့် အရည်အသွေးကောင်းကို ပေးစွမ်းသွားမည်ဟု ကတိကဝတ်ပြုထားသည်။

“သန့်စင်ကြည်လင်တဲ့ Dasani ကိုသောက်ပါ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်မတို့ရဲ့ ရေသန့်က Coca-Cola ရဲ့ ကမ္ဘာ့အဆင့်မီ ရေသန့်စင်ခြင်းစနစ်နဲ့ ထုတ်လုပ်ထားပါတယ်။ ကျွန်မတို့ရဲ့ စားသုံးသူတွေ အားလုံး ကောင်းမွန်သန့်စင်ကြည်လင်တဲ့ ရေကိုသောက်သုံးရတဲ့အတွက် ရေဓာတ်ပြည့်ဝပြီး နေ့စဉ်ဘဝမှာ ရည်မှန်းချက်တွေကို ပိုမို အာရုံစိုက်နိုင်စေဖို့၊ တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်စေဖို့လည်း မျှော်လင့်ပါတယ်” ဟု Coca-Cola လုပ်ငန်း၏ မားကတ်တင်းဒါရိုက်တာ ဖြစ်သူ Ms. Richa Singh မှ ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top