မြန်မာအမျိုးသမီးများ၏ လုပ်ပိုင်ခွင့်အခွင့်အလမ်းများကို ဖော်ဆောင်ပေးခြင်းအတွက် နိုင်ငံတကာအသိအမှတ်ပြုဆုကို ရရှိခဲ့တဲ့ အူရီဒူး

yyl-012.jpg

ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာမှာ မြန်မာအမျိုးသမီးငယ်များအတွက် လုပ်ပိုင်ခွင့်အခွင့်အလမ်းများပေးအပ်သည့် Tech Age Girls (TAG) အစီအစဉ်ကို ပံ့ပိုးပေးခဲ့ပြီး အောင်မြင်မှုရလဒ်ကောင်းများ ရရှိခဲ့ခြင်းကြောင့် Stevie Awards for Women in Business 2019 ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။

အဆိုပါအစီအစဉ်များနှင့် လုပ်ဆောင်ချက်များသည် နည်းပညာရပ်ဝန်းတွင် မကြာခဏကြုံတွေ့ရသည့် “ဒစ်ဂျစ်တယ်ကဏ္ဍတွင် ကျား၊မ ခွဲခြားမှု” လျှော့ချရန် အမျိုးသမီးများကို အစဉ်အမြဲအသုံးချနိုင်သော အရည်အချင်းများရရှိစေရန် လေ့ကျင့်သင်ကြားပေးပြီး အမျိုးသမီးများ၏အခန်းကဏ္ဍကိုမြှင့်တင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။

ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းမှ ဝင်ရောက်ယှဉ်ပြိုင်သူပေါင်း ၁၅၀၀ ကျော် ရှိခဲ့သည့်အနက် Tech Age Girls (TAG) အစီအစဉ်က ရွှေတံဆိပ်ဆု ရွေးချယ်ပေးအပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ Stevie Awards for Women in Business ဆုအတွက် တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲအစည်းအနေနှင့် ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ကျားမတန်းတူညီမျှမှု (သို့) မိမိတို့၏ လုပ်ငန်းလုပ်ဆောင်နေသည့် ပတ်ဝန်းကျင်ရှိ အမျိုးသမီးများ၏ကဏ္ဍကို အဓိကထား ဆောင်ရွက်မှုတို့၏ အောင်မြင်မှုများကို အသိအမှတ်ပြု ပေးအပ်ချီးမြှင့်သည့် ဆုတံဆိပ်ဖြစ်ပါသည်။

အူရီဒူးမြန်မာသည် အမျိုးသမီးငယ်များ၏ ကျွမ်းကျင်မှုများအား မြှင့်တင်ပေးသည့် လူမှုအကျိုးပြုလုပ်ငန်းများ အတွက် Stevie Awards for Women in Business 2019 ဆုရရှိခဲ့သည့်အပြင် အဆိုပါ Tech Age Girls အစီအစဉ်၏ တစ်နှစ်ပတ်လုံး လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ပေးမှုအတွက်လည်း Asia’s Business Leaders Award 2019 ကို ဆွတ်ခူးရရှိခဲ့ပါသည်။

Tech Age Girls (TAG) မြန်မာ အစီအစဉ်

အူရီဒူးမြန်မာသည် Tech Age Girls မြန်မာအစီအစဉ်အား လွန်ခဲ့သော သုံးနှစ်ခန့်မှ စတင်ပံ့ပိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အဓိကပံ့ပိုးသူတစ်ဦး ဖြစ်လာခဲ့သည်။ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၏ နည်းပညာကွာဟမှုကို လျှော့ချရန်နှင့် ကျား/မ တန်းတူညီမျှ အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက် ၁၆ နှစ်မှ ၂၀ နှစ်အတွင်းရှိ မြန်မာအမျိုးသမီးငယ်များ၏ နည်းပညာနှင့် ဦးဆောင်မှုစွမ်းရည်များကို မြှင့်တင်ပေးသည့် အစီအစဉ်တစ်ခု ဖြစ်သည်။ ယခုနည်းပညာခေတ်တွင် ဦးဆောင်သူများဖြစ်လာစေရုံသာမက ၄င်းတို့၏ လူမှုပတ်ဝန်းကျင် တွင်လည်း စံပြပုဂ္ဂိုလ်များ ဖြစ်လာစေရန်အတွက် နှစ်စဉ်နှစ်တိုင်းတွင် အမျိုးသမီးငယ်အယောက် ၁၀၀ ခန့် ရွေးချယ်ပြီး ၄င်းတို့၏ နည်းပညာ၊ ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှု စွမ်းရည်များကို မြှင့်တင်ရန် တစ်နှစ်ပတ်လုံး သင်ကြားပြသပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

သင်ကြားမှု ပထမအဆင့်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရွေးချယ်ခံထားရသော အမျိုးသမီးများမှ ဦးဆောင်မှု၊ နည်းပညာ၊ တင်ဆက်ပြသမှုနှင့် ပူးပေါင်းလုပ်ကိုင်နိုင်မှုစွမ်းရည်များအား သင်ကြားပြသပေးသွားမည့် ဆရာအတတ်သင် သင်တန်းဖြစ်သည့် “Training the Trainers” (TOT) ကို တက်ရောက်ရမည်ဖြစ်သည်။ စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက် ဝန်ထမ်းများနှင့် TAG အစီအစဉ်ပထမအဆင့်မှ သင်တန်းသားများမှ ဒုတိယအဆင့်ကို ဆက်လက်တက်ရောက်ရမည်ဖြစ်ပါသည်။ ထိုသူများသည် ဂရပ်ဖစ်ဒီဇိုင်း၊ စာနှင့် ဗွီဒီယို တည်းဖြတ်ခြင်း၊ ဆိုရှယ်မီဒီယာအသုံးပြုခြင်း၊ ရပ်ရွာစီမံကိန်းများအား ဦးစီးဆောင်ရွက်ခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် စီမံခန့်ခွဲမှု စသည့်ဘာသာရပ်များကို သင်ကြားရမည်ဖြစ်သည်။ ဒုတိယအဆင့် ပြီးဆုံးသည့် အချိန်တွင် TAG Summit အခမ်းအနားတစ်ခုအား ကျင်းပပြုလုပ်ပြီး လူမှုပတ်ဝန်းကျင်လုပ်ငန်းများအား အကောင်းဆုံးထောက်ပံ့ပေးနိုင်သည့်TAG မြန်မာ အစီအစဉ်မှ ထူးချွန်သူ သုံးဦး (သို့) လေးဦးကို ဆုချီးမြှင့်ပေးပါသည်။

TAG အစီအစဉ်သည် အမျိုးသမီးများ၏ စွမ်းရည်အားမြှင့်တင်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်း တိုးမြင့်လာစေရုံသာမက ကောင်းမွန်သောလူ့အရင်းအမြစ်များအဖြစ် ရောက်ရှိလာစေရန်နှင့် လူမှုပတ်ဝန်းကျင် ပိုမိုမြင့်မားလာစေရန် ကူညီပေးနိုင်သူများ ဖြစ်လာစေရန် ထောက်ပံ့ပေးနေခြင်းဖြစ်သည်။ ထို့အပြင် TAG အစီအစဉ်အား ပြီးစီးအောင်မြင်ခဲ့သည့် အမျိုးသမီးငယ်အများစုသည် ၎င်းတို့၏ သက်ဆိုင်ရာ စာကြည့်တိုက်များတွင် အသိပညာ ပြန်လည်မျှဝေသူများ ဖြစ်လာခဲ့ပြီး၊ အနာဂတ်တွင်ပြုလုပ်မည့် TAG စီမံကိန်းများတွင် လေ့ကျင့်သင်ကြားပေးသူ စေတနာ့ဝန်ထမ်းများအဖြစ် ပြန်လည်ထောက်ပံ့ကူညီလျက် ရှိကြပါသည်။

ရေရှည်တွင် ပိုမိုအကျိုးရှိစေရန်အတွက် TAG အစီအစဉ်အား ပြီးမြောက်အောင်မြင်ခဲ့သော အမျိုးသမီးများကိုလည်း အူရီဒူးမြန်မာမှ ဆက်လက်ပံ့ပိုးပေးလျက်ရှိရာ၊ ဥပမာအားဖြင့် အူရီဒူးမြန်မာမှ ၂၀၁၆ ခုနှစ်တွင် ပြီးမြောက်အောင်မြင်သွားခဲ့သော “စံ” ရွေ့လျားစာကြည့်တိုက် တည်ထောင်သူ မသဲနုစံအား သုံးဘီးဆိုင်တစ်စီး လှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းခြင်းကြောင့် သူမ၏ ရွေ့လျားစာကြည့်တိုက်သည် စာအုပ်များကို လုံခြုံစိတ်ချစွာတင်ဆောင်နိုင်ပြီး ကွန်ပျူတာနှင့် နည်းပညာကျွမ်းကျင်မှု ဗဟုသုတများကို ကလေးသူငယ် ၆,၅၀၀ ကျော်ထံသို့ မျှဝေပေးနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် စုစုပေါင်း ကလေးသူငယ် ၁၁,၀၀၀ ကျော်အားလည်း စာဖတ်သည့်အလေ့အထ ရရှိစေရန် အားပေးအားမြှောက် ပြုနိုင်ခဲ့ပြီး လေ့လာသင်ယူလိုစိတ်အား မြှင့်တင်ပေးနိုင်ခဲ့သည်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top