ရော်ဂျာဖက်ဒရာရဲ့ ဂရန်းစလင်းဆုဖလားစံချိန်ကို အမီလိုက်ဖို့ နီးစပ်လာတဲ့ ရာဖေးလ်နာဒယ်

yyl099017.jpg

၂၀၁၉ ခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်က ရုရှားတင်းနစ်သမား ဒန်နီမက်ဗီဒက်ကို အနိုင်ယူပြီး သူ့အတွက် (၁၉)ကြိမ်မြောက် ဂရန်းစလင်းဆုဖလား ဆွတ်ခူးခဲ့ပါတယ်။

ယူအက်စ်အိုးပင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲရဲ့ အကြီးကျယ်ဆုံးဗိုလ်လုပွဲတစ်ပွဲဖြစ်ခဲ့တဲ့ အခုပွဲစဉ်ဟာ (၄)နာရီ၊ မိနစ်(၅၀)ကြာမြင့်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အချိန်အကြာဆုံး ဗိုလ်လုပွဲထက် (၄)မိနစ်ပဲ နည်းခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ နိုင်ခြေအဆင့်(၂)ရှိတဲ့ နာဒယ်က နိုင်ခြေအဆင့်(၅)သတ်မှတ်ခံခဲ့ရတဲ့ မက်ဗီဒက်ကို အကြိတ်အနယ် ကစားခဲ့ရပြီး (၇-၅)၊ (၆-၃)၊ (၅-၇)၊ (၄-၆)၊ (၆-၄)နဲ့ အနိုင်ရခဲ့တာပါ။

အသက်(၃၃)နှစ်ရှိတဲ့ နာဒယ်ဟာ ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒရာရဲ့ ဂရန်းစလင်းဆုဖလား ဆွတ်ခူးမှုစံချိန်ကို အမီလိုက်ဖို့ တစ်ကြိမ်ပဲ လိုပါတော့တယ်။ ”ကျွန်တော့်ရဲ့ တင်းနစ်ကစားသမားဘဝမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးညတစ်ည ဖြစ်ခဲ့ပါတယ်။ အံ့အားသင့်စရာဗိုလ်လုပွဲပါ။ အရမ်းထူးခြားတဲ့ပွဲပါ”လို့ နာဒယ်က ပြောပါတယ်။

နယူးယော့ခ်မြို့က Arthur Ashe Stadium မှာ ကစားခဲ့တဲ့ ဒီပွဲစဉ်ကို ပရိသတ် ၂၄၀၀၀ နီးပါး လာရောက်ကြည့်ရှုခဲ့ပြီး အကြိတ်အနယ်ဖြစ်လွန်းတဲ့အတွက် ရမှတ်တစ်မှတ်တိုးသွားတိုင်း နှစ်ဖက်ပရိသတ်တွေက ခုန်ပေါက်အောင်ပွဲခံခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top