ကိန်းရုပ်ရှင်ပွဲတော်မှာ ၇ မိနစ်ကြာ လက်ခုပ်တီး ဂုဏ်ပြုခံခဲ့ရတဲ့ ဂျွန်နီဒပ်ဖ်

17.5.2023-yyl-5.jpg

ကိန်းရုပ်ရှင်ပွဲတော်မှာ ပရိသတ်တွေက ဂျွန်နီဒပ်ဖ်ကို ၇ မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အဖွင့်ည အခမ်းအနားမှာ ပြင်သစ် အတ္တုပ္ပတ္တိဒရာမာဇာတ်ကားဖြစ်တဲ့ Jeanne Du Barry ဇာတ်ကားကို ပြသခဲ့ပြီး အဲဒီဇာတ်ကားမှာ ပြင်သစ်ဘုရင် လူဝီ(၁၅)အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂျွန်နီဒပ်ဖ်ရဲ့ သရုပ်ဆောင်မှုကို ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခဲ့ကြတာပါ။

ပရိသတ်တွေရဲ့ အားပေးဂုဏ်ပြုမှုကြောင့် ဂျွန်နီဒပ်ဖ် မျက်ရည်လည်ခဲ့ပြီး ဇာတ်ရုံ လသာဆောင်ကနေ ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့တယ်လို့ Variety သတင်းဌာနက ဖော်ပြပါတယ်။
ဂျွန်နီဒပ်ဖ်ဟာ (သူ့ကို အိမ်တွင်းအကြမ်းဖက်မှုနဲ့ စွပ်စွဲခဲ့တဲ့) ဇနီးဟောင်း အမ်ဘာဟတ်ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူမြင်ကွင်းကို ပြန်ထွက်လာခဲ့တာဖြစ်ပြီး တချို့တွေကလည်း ကိန်းရုပ်ရှင်ပွဲတော်မှာ ဂျွန်နီဒပ်ဖ် တက်ရောက်တာကို မလိုလားခဲ့ကြပါဘူး။

Ref: Johnny Depp receives a 7-minute standing ovation at Cannes despite backlash

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top