ကိုယ်ခံအားနည်းသွားစေနိုင်တဲ့ အစားအစာတွေ

9-6-2-21-yl-07.jpg

ကျွန်တော်တို့တွေအားလုံးဟာ ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်နေထိုင်ဖို့ ကြိုးစားနေကြရပါတယ်။ ဒါမှ ကိုယ်ခံအားကောင်းပြီး ကိုဗစ်ရောဂါ၊ ရာသီတုပ်ကွေးရောဂါတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ခံအားနည်းရင် ရောဂါအလွယ်ကူဝင်ရောက်နိုင်ပါတယ်။ ကျွန်တော်တို့တွေက ကျန်းမာရေးနဲ့ညွှတ်တဲ့အစားအစာတွေကို ဂရုစိုက်စားသုံးနေရင်တောင် ကျန်းမာရေးကို ထိခိုက်ပြီး ကိုယ်ခံအားနည်းသွားစေနိုင်တဲ့ အစားအစာတွေကို စားမိသွားတတ်ပါတယ်။ သင်က ဘယ်လိုအစားအစာတွေကို စားသုံးမိမယ်ဆိုရင် ကိုယ်ခံအားနည်းသွားနိုင်လဲဆိုတာကို သိရဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။ အဲဒါမှ ကိုယ်ခံအားစနစ်နည်းသွားစေနိုင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်နိုင်မှာဖြစ်ပါတယ်။

သကြားများတဲ့အစားအစာ

တစ်နေ့တာအစားအစာမှာ သကြားပါဝင်မှုပမာဏကို ကန့်သတ်လိုက်တာက သင့်ကျန်းမာရေးအတွက် ကောင်းပါလိမ့်မယ်။ သကြားပမာဏများတဲ့အစားအစာတွေက သွေးအတွင်းသကြားဓာတ်ကို မြင့်မားစေပြီး သင့်ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ ရောင်ရမ်းစေနိုင်တဲ့ပရိုတင်းဓာတ်ထုတ်လုပ်မှုကို တိုးလာစေနိုင်ပါတယ်။ သွေးအတွင်းသကြားဓာတ်မြင့်မားတာက သင့်ကိုယ်ခံအားတုံ့ပြန်မှုအပေါ်သက်ရောက်စေနိုင်တဲ့ gut bacteria လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်ပြီး မညီမျှမှုတွေဖြစ်လာနိုင်ပါတယ်။

ဆားများတဲ့အစားအစာ

ထုတ်ပိုးထားတဲ့ အစားအစာအများစုက ဆားပါဝင်မှုများပါတယ်။ ခန္ဓာကိုယ်မှာ ဆားများတာက ရောင်ရမ်းမှုကို အစပျိုးစေနိုင်ပြီး အလိုအလျောက်ကိုယ်ခံအားနည်းစေတဲ့ ရောဂါတွေဖြစ်နိုင်ခြေများလာစေနိုင်ပါတယ်။ ဆားက ကိုယ်ခံအားစနစ်ရဲ့သာမန်လုပ်ဆောင်ချက်ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာအစားအစာမှာ ဆားစားသုံးမှုပမာဏကို ကန့်သတ်တာ အကောင်းဆုံးပါပဲ။

ကြော်ထားပြီး အဆီများတဲ့အစားအစာ

ကြော်ထားတဲ့အစားအစာတွေက Advanced Glycation End Products (AGEs) လို့ခေါ်တဲ့ မော်လီကျူးအုပ်စုမြင့်မားပါတယ်။ AGEs က ကြော်နေစဉ် အပူချိန်မြင့်မားတဲ့အချိန်အတောအတွင်းမှာ ပရိုတင်း (သို့) အဆီတွေနဲ့ သကြားတို့ ထိတွေ့လိုက်တဲ့အခါ ဖြစ်ပေါ်လာရပါတယ်။ AGEs ပမာဏမြင့်မားမှုက ရောင်ရမ်းခြင်းနဲ့ ဆဲလ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါက ကိုယ်ခံအားစနစ်ကို နည်းအမျိုးမျိုးနဲ့ အားနည်းသွားစေနိုင်ပါတယ်။ ဆိုင်မှာ ရောင်းတဲ့ အာလူးကြော်၊ ကြက်‌ကြော်လို့ ကြော်ထားတဲဲ့အစားအစာတွေကို တတ်နိုင်သလောက် မစားမိအောင် ရှောင်ကျဉ်သင့်ပါတယ်။

ကော်ဖီနဲ့ လက်ဖက်ရည်

ကော်ဖီမှာ ပါဝင်တဲ့ အန်တီအောက်စီးဒန့်ပမာဏမြင့်မားတာက ကျန်းမာရေးအတွက် ကောင်းပေမဲ့ ကဖင်းဓာတ်မြင့်မားတာကတော့ သင့်ရဲ့အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အိပ်စက်ချိန်မမှန်တာနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်လုပ်ဆောင်မှုကို ထောက်ပံ့ဖို့အတွက် သကြားများပြီး အာဟာရမဖြစ်တဲ့ ကဖင်းဓာတ်ပါဝင်တဲ့ ဖျော်ရည်ကို မသောက်သုံးပါနဲ့။ ကော်ဖီနဲ့ လက်ဖက်ရည်ကိုလည်း ကျန်းမာရေးမထိခိုက်အောင် ချင့်ချိန်သောက်သုံးပေးသင့်ပါတယ်။

အရက်ဘီယာ

အရက်ဘီယာကို အမျိုးသားတွေက တစ်နေ့ (၂) ခွက်၊ အမျိုးသမီးတွေက တစ်နေ့ (၁) ခွက်ထက်ပိုသောက်သုံးတာက ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုကို ထိခိုက်စေနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ဒါကြောင့် အရက်ဘီယာသောက်သုံးမှုပမာဏကို ကန့်သတ်ထားတာအကောင်းဆုံးပါပဲ။

Ref: ​Common foods that can weaken your immunity

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top