ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တဟုန်ထိုးမြင့်တက်၊ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူမှာ ရောဂါပိုးတွေ့ရှိ

7-5-2020-yyl-003.jpg

ဘရာဇီးနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 လူနာသစ် အနည်းဆုံး ၁၀၅၀၃ ယောက်ရှိခဲ့ပြီး လူ ၆၁၅ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ကိန်းဂဏန်း အချက်အလက်တွေအရ ဘရာဇီးနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၁၂၅၂၁၈ ယောက်ရှိနေပြီး ၈၅၃၆ ယောက် သေဆုံးခဲ့တာ တွေ့ရပါတယ်။ ဘရာဇီးနိုင်ငံဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံးနိုင်ငံဖြစ်နေပြီး ဗိုင်းရပ်စ်ရဲ့ခြိမ်းခြောက်နိုင်စွမ်းကို လျှော့တွက်ခဲ့လို့ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုလည်း ဝေဖန်ခံနေရပါတယ်။

ဘော်ဆိုနာရိုဟာ ဘရာဇီးနိုင်ငံမှာ အသွားအလာ ကန့်သတ်မှုစည်းမျဉ်းတွေ အဆုံးသတ်ရေး တိုက်တွန်းတဲ့ နိုင်ငံရေးစုဝေးပွဲတွေကို ထပ်ဖန်တလဲလဲ တက်ရောက်ခဲ့သူပါ။ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘားရို့စ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။ ဘားရို့စ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ရောဂါပိုးရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဘားရို့စ်ဟာ သတိထားလောက်စရာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top