ဗီယက်နမ်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထား

30-7-2020-yyl-017.jpg

ဒါနန်းမြို့နဲ့ ဆက်နွှယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပျံ့နှံ့လာလို့ ဗီယက်နမ်နိုင်ငံတစ်ဝန်းမှာ ကူးစက်မှုတွေ ရှိလာနိုင်တယ်လို့ ဗီယက်နမ်အစိုးရက သတိပေးခဲ့ပါတယ်။ ၉၉ ရက်ကြာ လူနာသစ်မတွေ့ရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ အခုချိန်မှာတော့ အနည်းဆုံး လူနာသစ်အယောက် ၃၀ ထပ်မံတွေ့ရှိခဲ့ပြီး လူနာသစ်အားလုံးက ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်မြို့နဲ့ ဆက်နွှယ်နေပါတယ်။ အခုသီတင်းပတ်အစောပိုင်းမှာ ဒါနန်မြို့ကို ခရီးသည်တွေ လာရောက်ခွင့် ပိတ်ပင်ခဲ့ပြီး အခုချိန်မှာတော့ လုံးဝပိတ်ဆို့လိုက်ပါပြီ။

ဒါနန်မြို့ကို သွားရောက်ခဲ့ဖူးသူအားလုံးကို ခြေရာခံစောင့်ကြည့်ပြီး သီးသန့်ခွဲခြားထားဖို့ အာဏာပိုင်တွေက ကြိုးစားနေပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ပြည်နယ်နဲ့ မြို့အားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖူက သတိပေးခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆေးရုံတွေမှာလည်း ကာကွယ်ရေးစည်းမျဉ်းတွေ တိုးမြှင့်ဆောင်ရွက်ထားသလို ဟနွိုင်းမြို့မှာလည်း အများပြည်သူကြား သွားလာလှုပ်ရှားရင် နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့အားလပ်ရက်က ဒါနန်မြို့မှာ ပြည်တွင်းခရီးသွား ၈၀၀၀၀ အထိ လာရောက်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ ဒါနန်မြို့မှာ ဗိုင်းရပ်စ်တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top