ရိုးမားနဲ့ပွဲမှာ ယူ-၂၃ အသင်းကို ကစားခိုင်းမယ်လို့ ဂျူဗင်တပ်နည်းပြ ခြိမ်းခြောက်

30-7-2020-yyl-018.jpg

စီးရီးအေ ပွဲစဉ်ဇယားရေးဆွဲမှုကို ဒေါသထွက်နေတဲ့ ဂျူဗင်တပ်နည်းပြ ဆာရီက စီးရီးအေရာသီသိမ်းပွဲစဉ်မှာ ယူ-၂၃ အသင်းကို ကစားခိုင်းဖွယ်ရှိတယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ စကူဒက်တိုဖလားကို ၉ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ လာမယ့်စနေနေ့မှာ ရိုးမားအသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ၁၂ ရက်အတွင်း ၅ ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ဇွန်လမှာ စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်ခဲ့ပြီးနောက်ပိုင်း ခြေစွမ်းကောင်းခဲ့ပေမဲ့ တည်ငြိမ်မှုအားနည်းခဲ့ပြီး အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ကက်ဂလီယာရီကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ရာသီပြန်စခဲ့ပြီးနောက်ပိုင်း ဂျူဗင်တပ်ရဲ့ တတိယမြောက်ရှုံးပွဲ ဖြစ်ပါတယ်။

” ဒီရာသီမှာ ဂိုး ၄၀ ပေးခဲ့ရတာက စိုးရိမ်စရာပါ။ ဒါပေမဲ့ ဒီညပွဲကတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမားတွေရှိနေသလို စကူဒက်တိုဖလား ဆွတ်ခူးပြီး ၆၈ နာရီအကြာမှာ ပွဲကစားရတာဖြစ်လို့ ဒီပွဲက ပုံမှန်အခြေအနေမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့က ဥရောပအသင်းတွေထဲမှာ ၁၂ ရက်အတွင်း ၅ ပွဲကစားရတဲ့ တစ်ခုတည်းသောအသင်းပါ။ မနက်ဖြန်အခြေအနေကို ကြည့်ရမှာပေါ့။ အသင်းသားတွေ အားအင်ပြည့်ဝနေစေဖို့အတွက် ရိုးမားနဲ့ပွဲမှာ ယူ-၂၃ အသင်းနဲ့ ကစားခိုင်းသင့်လားဆိုတာ စောင့်ကြည့်ရမယ်”လို့ ဆာရီက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top