ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၈ ယောက်အထိ ရှိလာ

5-8-2020-yyl-007.jpg

ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈ ယောက်အထိ ရှိလာခဲ့ပြီလို့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ ၈ ယောက်မြောက် သေဆုံးခဲ့သူကတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ သူဟာ ကျောက်ကပ်ရောဂါကြောင့် ဒါနန်ဆေးရုံမှာ ၅ လကြာ ကုသမှုခံယူခဲ့ရသူဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်မှာ ဆေးရုံကဆင်းခွင့်ရခဲ့ပေမဲ့ နောက် ၄ ရက်အကြာမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူဟာ Covid-19 ရောဂါ၊ ကျောက်ကပ်အလုပ်လုပ်မှု ရပ်တန့်တာနဲ့ တခြားဝေဒနာတွေကြောင့် သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒီအမျိုးသားမတိုင်ခင်မှာလည်း အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပါတယ်။ သူ(မ)ဟာ ဇူလိုင်လ ၁၈ ရက်ကနေ ဇူလိုင်လ ၂၇ ကြားကာလအတွင်း ဒါနန်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဟူးမြို့ဆေးရုံကို မလွှဲပြောင်းခင် ဇူလိုင်လ ၂၆ ရက်က ဆေးစစ်ရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့တာပါ။ သူ(မ)ဟာ Covid-19 ရောဂါ၊ ကျောက်ကပ်အလုပ်လုပ်မှု ရပ်တန့်တာတွေကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီး၊ ထိန်းချုပ်ရာမှာ စံနမူနာယူစရာ နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံဟာ ဇူလိုင်လ ၃၁ ရက်ကမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၅၂ ယောက်ရှိပြီး လက်ရှိကုသမှုခံယူနေရသူကတော့ ၂၇၀ ရှိပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top