ဗင်နီဇွဲလားကနေထွက်ပြေးလာတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပီရူးနိုင်ငံက ကျန်းမာရေးစနစ်မှာ ပူးပေါင်းပါဝင်ခွင့် ပြု

5-8-2020-yyl-008.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ဗင်နီဇွဲလားနိုင်ငံကနေ ထွက်ပြေးလာတဲ့ ကျန်းမာရေးဝန်ထမ်း ထောင်ချီကို ပီရူးနိုင်ငံက သူတို့ရဲ့ကျန်းမာရေးစနစ်မှာ ပူးပေါင်းပါဝင်ခွင့်ပေးခဲ့ပါတယ်။ အရည်အချင်းပြည့်မီတဲ့ ပြည်ပဆရာဝန်တွေ၊ သူနာပြုတွေကို သူတို့ရဲ့ ဘွဲ့လက်မှတ်တွေအတွက် သက်သေပြစရာမလိုအပ်တဲ့ အမိန့်ဒီကရီကို ပီရူးသမ္မတ ဗစ်ကာရာက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၃၀၀၀၀ ကျော်ရှိပြီး ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍမှာလည်း ရုန်းကန်နေရပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေ ဖြစ်ပွားနေလို့ နိုင်ငံထဲကနေ ထွက်ပြေးလာသူ ငါးသန်းကျော်ရှိပြီး အများစုကတော့ ကိုလံဘီယာ၊ ပီရူး၊ ဘရာဇီး၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ဘဝသစ်စတင်ဖို့ ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပီရူးနိုင်ငံကို ရောက်ရှိလာတဲ့ ဗင်နီဇွဲလားနိုင်ငံသား ၈၃၀၀၀၀ ကျော် ရှိပါတယ်။

ဗင်နီဇွဲလားနိုင်ငံသားတွေက သူတို့လုပ်နေတဲ့ အလုပ်တွေကို မောင်ပိုင်စီးသွားမှာ စိုးရိမ်ကြတဲ့အတွက် ပီရူးနိုင်ငံသားတွေက ခါးသီးမုန်းတီးတဲ့ ပုံစံမျိုး ဆက်ဆံကြတယ်လို့ ဆိုပါတယ်။ သမ္မတ လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်ဒီကရီအရ ပီရူးနိုင်ငံ ဆေးပညာကောင်စီမှာ မှတ်ပုံတင်စာရင်းပေးသွင်းရခြင်းမရှိသေးပေမဲ့ အရည်အချင်းပြည့်မီတဲ့ ပီရူးနိုင်ငံသား ဆရာဝန်တွေနဲ့ နိုင်ငံခြားသား ဆရာဝန်တွေကို ကပ်ရောဂါကာလအတွင်း ဆေးကုသခွင့်ပေးမယ်လို့ ပီရူးဝန်ကြီးချုပ် ကာတီရီယာနိုက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top