ဘေရွတ်မြို့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၇၈ ယောက်သေဆုံးပြီး လူ ၄၀၀၀ ကျော် ဒဏ်ရာရ

5-8-2020-yyl-006.jpg

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ပေါက်ကွဲမှုအကြီးအကျယ် ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၇၈ ယောက် သေဆုံးခဲ့ပြီး လူ ၄၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ဘေရွတ်မြို့ဆိပ်ကမ်းမှာ မီးလောင်ရာကနေ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့တစ်မြို့လုံး တုန်ခါခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဂိုဒေါင်ထဲမှာ အမိုးနီးယန်းနိုက်ထရိတ်(ammonium nitrate) တန်ချိန် ၂၇၅၀ ကို ဘေးကင်းလုံခြုံမှုမရှိတဲ့ အခြေအနေမျိုးနဲ့ သိုလှောင်ထားတာ ၆ နှစ်ကြာမြင့်နေပြီလို့ သမ္မတ အေအွန်က ပြောပါတယ်။ ၂၀၁၃ ခုနှစ်က ဘေရွတ်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တဲ့ သင်္ဘောတစ်စင်းပေါ်ကနေ အမိုးနီးယန်းနိုက်ထရိတ် ဓာတုကွန်ပေါင်းတွေကို ချခဲ့ပြီး ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားတာပါ။

အေအွန်က သြဂုတ်လ ၅ ရက်မှာ အရေးပေါ်ဝန်ကြီးများအစည်းအဝေး ခေါ်ယူထားပြီး သီတင်းပတ် ၂ ပတ်ကြာ အရေးပေါ်အခြေအနေ ကြေညာသင့်တယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၅ ရက်ကစပြီး လက်ဘနွန်နိုင်ငံမှာ သုံးရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်သွားမှာပါ။ လက်ဘနွန်အစိုးရက အရေးပေါ်ရန်ပုံငွေအဖြစ် လီရာ ၁၀၀ ဘီလျံ ( အမေရိကန်ဒေါ်လာ ၆၆ သန်း) ချထားပေးမယ်လို့ သမ္မတ အေအွန်က ကြေညာခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ လက်ဘနွန်နိုင်ငံ အရာရှိတွေက ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေကို အမြင့်ဆုံးပြစ်ဒဏ် ချမှတ်သွားမယ်လို့ လက်ဘနွန်နိုင်ငံ ထိပ်တန်းကာကွယ်ရေးကောင်စီက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top