သမီးကလေးကို အပြင်မှာ ဆော့ကစားဖို့ ဆုံးမတဲ့ ဇူကာဘတ်

tdy_pop_zuckerberg_170829.jpg

ဖေ့စ်ဘုတ်တည်ထောင်သူ မတ်ခ်ဇူကာဘတ် (Mark Zukerberg) ဟာ သူ့ရဲ့သမီးကလေးကို ကလေးပီပီ အပြင်မှာ ပြေးလွှား ဆော့ကစားဖို့၊ ကလေးတစ်ယောက်ရဲ့ လွတ်လပ်တဲ့ဘဝကို အပြည့်အဝခံစားတတ်ဖို့ ဆုံးမလိုက်တဲ့ စကားလေးတွေက ဖေ့စ်ဘုတ်ပေါ် ပျံ့နှံ့နေပါတယ်။ ဒီစာကို တနင်္လာနေ့က ရေးသားပြီး ဖေ့ဘုတ်ပေါ် တင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဒုတိယ ကလေး အောဂတ်စ် (August) မွေးဖွားမှုကိုလည်း ကြေငြာထားပါတယ်။

ဒီဝမ်းမြောက်စရာ သတင်းအောက်မှာ မိဘပေါင်းများစွာက ကလေးဘဝရဲ့ မျက်လှည့်ဆန်ဆန် အံ့ဩပျော်ရွှင်စရာကောင်းပုံတွေ၊ အရေးကြီးပုံတွေကို ဝင်ရောက်ရေးသားခဲ့ကြပါတယ်။ ဇူကာဘတ်တို့ ဇနီးမောင်နှံဟာ ၂၀၁၅တုန်းကလည်း သမီးကလေး မတ် (Max) အတွက် အလားတူ စာတစ်စောင် ရေးသားခဲ့ပါသေးတယ်။ မိသားစု ဓာတ်ပုံလေးနဲ့အတူ တွဲတင်ထားတဲ့ ဒီပို့စ်လေးဟာ ကလေး သူငယ်လေးတွေ ကလေးဘဝကို အဓိပ္ပာယ်ရှိစွာ ကုန်ဆုံးစေဖို့ တွန်းအားပေးနေပါတယ်။

“ကမ္ဘာကြီးက ကျယ်ပြောသလို ရှုပ်ထွေးလှပါတယ်။ ဒါ့ကြောင့် သမီးလေးအနေနဲ့ အပြင်လောကကိုထွက်ပြီး ကစားကြည့်ပါ။ စူးစမ်းပါ။ ချစ်သော ဖေဖေနဲ့မေမေ” လို့ လက်မှတ် ရေးထိုးထားတဲ့ စာလေးဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပိုင်ရှင်ကြီး တစ်ယောက်အနေနဲ့ဆို နည်းနည်း ထူးဆန်း နေနိုင်ပေမယ့် သူဟာ သူ့သမီးအတွက် စိတ်ရင်းနဲ့ ရေးပေးခဲ့တာဖြစ်ပါတယ်။ “ သမီးအနေနဲ့ အခန်းထဲမှာလည်း စိတ်ကြိုက်ကစားနိုင်ဖို့ ကောင်းကောင်း အိပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကလေးဘဝက ပျော်စရာပါ။ ကလေးဘဝကို တစ်သက်တာမှာ တစ်ခေါက်ပဲ ရနိုင်ပါတယ်။ ဒါ့ကြောင့် အနာဂါတ်ကို စိတ်ကူးသိပ်မယဉ်ပဲ ပျော်လိုက်ပါ သမီး။” လို့ ရေးသားထားပါတယ်။

ဇူကာဘတ်တို့ ဇနီးမောင်နှံဟာ သမီးကလေးအတွက် ပိုနေပျော်တဲ့ ကမ္ဘာတစ်ခုဖြစ်လာစေဖို့ ပရဟိတဖောင်ဒေးရှင်းမှာလည်း လှူဒါန်းမှုတွေများစွာ လုပ်ပါတယ်။ ကလေးငယ်တွေ ကျန်းမာရေး စောင့်ရှောက်မှုမှာလည်း အလှူငွေများစွာ လှူဒါန်းခဲ့ပါတယ်။

Ref: BBC: Mark Zuckerberg tells newborn daughter to play outside

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top