ထပ်တိုးလာတဲ့ COVID-19 လက္ခဏာအသစ်တွေ

28-4-2020-yyl-015.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရပ်တန့်သွားတဲ့ အခြေအနေမရောက်ရှိသေးပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၃) သန်းကျော်ရှိနေပါတယ်။ တချို့ရောဂါကူးစက်ခံရတဲ့သူတွေက ဘာရောဂါလက္ခဏာမှ မပြသလို နဂိုသိထားကြတဲ့ ရောဂါလက္ခဏာတွေလည်း မပြကြဘူးလို့သိရပါတယ်။ အခုဆိုရင် COVID-19 ရဲ့ ရောဂါလက္ခဏာအသစ်တွေ တိုးလာပြီး အဲဒီလက္ခဏာတွေကို Centre for Disease Control and Prevention က ထုတ်ပြန်ထားပါတယ်။

အနံ့၊ အရသာခံနိုင်စွမ်းမရှိခြင်း

အနံ့ခံလို့မရတာ၊ အရသာခံလို့မရတာတွေကလည်း COVID-19 ရဲ့ နောက်ထပ်လက္ခဏာဖြစ်ပါတယ်။ လူတစ်ယောက်က အသက်ရလာတာ၊ နှာခေါင်းပိတ်တဲ့အခါမျိုးမှာ အနံ့၊ အရသာခံနိုင်စွမ်းအားမရှိတတ်ကြပါတယ်။ အခုဆိုရင် အနံ့၊ အရသာခံနိုင်စွမ်းဆုံးရှုံးတာက COVID-19 ရဲ့ ရောဂါလက္ခဏာဖြစ်လာခဲ့ပါပြီ။ ဗြိတိန်နိုင်ငံတစ်ဝှမ်းက လူနာတွေမှာ ဒီလက္ခဏာကို မတ်လကုန်က တွေ့ရှိခဲ့ရပါတယ်။

ချမ်းစိမ့်စိမ့်ဖြစ်လွန်းခြင်း

ချမ်းစိမ့်စမ့်ဖြစ်တာက ပုံမှန်ဆိုရင် အသေးအမွှားပြဿနာပါပဲ။ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာရပ်အနေနဲ့ဖြစ်လာပြီဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။ ဆောင်းရာသီမဟုတ်ဘဲ ချမ်းစိမ့်စိမ့်ဖြစ်ပြီး လက်တုန်လောက်တဲ့အထိ ချမ်းတယ်ဆိုရင် COVID-19 ရဲ့လက္ခဏာသစ်ဖြစ်ပါတယ်။ အရမ်းချမ်းပြီး တုန်ရီသလို ခံစားခဲ့ရတဲ့ သတင်းထောက်ကြောင့် ဒီလက္ခဏာရပ်သိလာခဲ့တာဖြစ်ပါတယ်။

ကြွက်သားနာကျင်ခြင်း

သက်ကြီးပိုင် လူနာတော်တော်များများမှာ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်တာတွေကို ကိုရိုနာဗိုင်းရပ်စ်ရဲ့လက္ခဏာရပ်အဖြစ် တွေ့ရှိနေရပါတယ်။ ကြွက်သားနာကျင်တာကို အမေရိကန်နိုင်ငံတစ်ဝှမ်းက လူနာ (၁၄.၈) ရာခိုင်နှုန်းလောက်မှာ ခံစားရတာကို တွေ့ရှိရပါတယ်။ ဗိုင်းရပ်စ်ကတစ်ရှုးနဲ့ ဆဲလ်တွေကို တိုက်ခိုက်တဲ့အခါမှာ ကြွက်သားနာကျင်ခြင်း ဖြစ်လာရပါတယ်။

ခေါင်းကိုက်ခြင်း

အေးသလို ခံစားရပြီးခေါင်းကိုက်တာက အတော်လေးအဖြစ်များပါတယ်။ အသက်ရှုလမ်းကြောင်းဆိုရင် ရောဂါကူးစက်မှုရှိနေရင်လည်း ဖြစ်နိုင်ပါတယ်။ နားထင်နဲ့ မျက်ခွံတစ်ဝိုက်မှာ နာကျင်သလိုခံစားရပြီး အားအင်ကုန်ခန်းလောက်တဲ့အထိ ခေါင်းကိုက်တာကလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့လက္ခဏာတစ်ခုဖြစ်တယ်လို့ လေ့လာချက်အသစ်တွေက ဆိုပါတယ်။

မျက်မြှေးရောင်နာ (မျက်စိနာ)

မကြာသေးခင်ကမှ ကိုရိုနာဗိုင်းရပ်စ်က မျက်မြှေးရောင်နာ ဖြစ်စေနိုင်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ ဆိုလိုတာက ဗိုင်းရပ်စ်က အသက်ရှုလမ်းကြောင်းဆိုင်ရာအရည်စက်ကလေးတွေကတဆင့် ပျံ့နှံံ့နိုင်တာတင်မဟုတ်ဘဲ နှာခေါင်းနဲ့ မျက်လုံးအရည်အိတ်တွေကတဆင့်လည်း ကူးစက်နိုင်တယ်ဆိုတာပါပဲ။ လူနာတစ်ယောက်က မျက်မြှေးရောင်နာကို ခံစားခဲ့ရတယ်လို့ လေ့လာချက်တစ်ခုကဆိုထားပါတယ်။

သတိပေးချက်

ကိုရိုနာဗိုင်းရပ်စ်က စိုးရိမ်ရတဲ့အခြေအနေနဲ့ ပျံ့နှံ့နေပြီး ခံစားရတဲ့လက္ခဏာတွေက အသက်အရွယ်၊ ကျန်းမာရေး၊ ရောဂါအခံရှိတဲ့သူတွေအပေါ်မူတည်ပြီး ကွာခြားသွားပါတယ်။ ရောဂါလက္ခဏာတွေကို သတိရှိတာ၊ ရောဂါလက္ခဏာတွေ ခံစားရလာပြီးဆိုရင်လည်း မြန်မြန်ဆန်ဆန်အသိပေးတာ၊ ရောဂါကူးစက်နိုင်စေမဲ့ ထိတွေ့မှုတွေရှောင်ရှားတာတွေလုပ်ဖို့ အရေးကြီးပါတယ်။

Ref: CDC adds new symptoms to the COVID-19 list. Watch out for these

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top