ကလေးတွေအတွက် လက်ဆောင်ဝယ်ပေးဖို့ အလုပ်ပိုလုပ်ခဲ့တဲ့ မူကြိုကျောင်းဒါရိုက်တာ ကားအသစ်တစ်စီး ရရှိ

29-12-2020-yyl04.jpg

ရီနီ ဒိုင်ဇွန် (Renee Dixon) ဆိုတဲ့ မူကြိုကျောင်းဒါရိုက်တာတစ်ယောက်ကတော့ ကလေးတွေပေါ်ထားရှိတဲ့ စေတနာမေတ္တာတွေကြောင့် ရောင်ပြန်ဟပ်တယ်လို့ ဆိုရမှာပါပဲ။ သူဟာ ကလေးတွေအတွက် ခရစ်စမတ်လက်ဆောင်ဝယ်ပေးချင်တာကြောင့် ပိုက်ဆံစုဖို့ ပိတ်ရက်တိုင်း အလုပ်နှစ်ဆလုပ်နေခဲ့တာပါ။ Uber နဲ့Lyft ကားတွေကို မောင်းပြီး လက်ဆောင်အတွက် ငွေရှာနေခဲ့တာဖြစ်ပါတယ်။ အဲဒီလို ကလေးတွေပေါ်ထားတဲ့ စေတနာမေတ္တာကြောင့် သူဟာ ကားအသစ်တစ်စီး ရရှိသွားခဲ့ပါတယ်။

ခရစ်စမတ်ဆိုတာ နှစ်တိုင်း ရိုးရာမပျက်ကျင်းပလေ့ရှိတဲ့ပွဲတော်ဖြစ်တဲ့အတွက် ကလေးတိုင်းဟာ ခရစ်စမတ်လက်ဆောင်ရဖို့လိုတယ်လို့ ရီနီက ခံယူထားတာပါ။ ရီနီက ကျောင်းသား၊သူတွေအပေါ်မှာတင် စေတနာထားတတ်တာမဟုတ်ပါဘူး။သူ့ရဲ့မိသားစုနဲ့ ဆရာ၊ ဆရာမတွေလိုအပ်တဲ့အရာတိုင်းကို တစ်နှစ်ပတ်လုံး ထောက်ပံ့ဖို့ ကြိုးစားခဲ့တာပါ။ ရီနီက ကျောင်းသား၊သူတွေအတွက် ဆောင်းတွင်းဝတ်အဝတ်တွေကို စုဆောင်းနိုင်ဖို့လည်း အလုပ်လုပ်နေခဲ့တာပါ။ ကပ်ရောဂါဖြစ်ပွားတော့ ရီနီက မူကြိုကျောင်းရဲ့ကလေးတိုင်းကို ခရစ်စမတ်လက်ဆောင်ပေးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ရီနီက ပေးပြီးသားကတိကို တည်အောင်ထိန်းတတ်ပါတယ်။

အခုလိုအချိန်အခါမှာ သားသမီးတွေကို လက်ဆောင်ပေးဖို့က တချို့မိဘတွေအတွက် ငွေကြေးအခက်အခဲဖြစ်တယ်ဆိုတာ ကလေးအများစုမသိတာကြောင့် ကလေးတွေကို မိဘတွေကိုယ်စား ခရစ်စမတ်လက်ဆောင်ပေးချင်ခဲ့တာဖြစ်တယ်လို့ ရီနီက ဆိုပါတယ်။ သူဟာ Uber/Lyft ကားမောင်းနေရင်း ခရီးသည်တွေထဲက တစ်ယောက်ကို ခရစ်စမတ်လက်ဆောင်ပေးဖို့အတွက်ကြိုးစားနေတယ်ဆိုတာကို ပြောပြဖြစ်ခဲ့ပါတယ်။

အဲဒီခရီးသည်က သူဟာ Wheeler Mission မှာ အလုပ်လုပ်နေတာဖြစ်ပြီး ရီနီလုပ်နေတာကို သဘောကျတယ်လို့ ပြောခဲ့တာပါ။ အဲဒါနဲ့ပဲ ရီနီပြောတဲ့စကားတွေကို မှတ်တမ်းတင်ခဲ့ပြီး သတင်းထောက် Emily Longnecker ကို ပြောပြခဲ့ပါတယ်။ Emily Longnecker က ရီနီကို ဆက်သွယ်ခဲ့ပြီး အင်တာဗျူးလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ The Washington Post က သတင်းအနေနဲ့ ရေးသားခဲ့ပြီးတဲ့နောက်မှာတော့ ရီနီကို ကူညီပြီး လှူဒါန်းပေးမယ့်သူတွေ ပေါ်လာခဲ့ပါတော့တယ်။

ရီနီက အခုနှစ်မှာ ကလေးအယောက် (၇၀) ကို လက်ဆောင်တွေ ပေးနိုင်ခဲ့ပါတယ်။ ကလေးအယောက် ၅၀ ရဲ့မွေးချင်းမောင်နှမတွေလည်း လက်ဆောင်တွေရခဲ့တယ်လို့ ရီနီက ဆိုပါတယ်။ လှူဒါန်းကြတဲ့သူတွေကလည်း များပြားလာခဲ့တဲ့အပြင် Nissan ကားကုမ္ပဏီကလည်း ရီနီကို ကားလက်ဆောင်ပေးချင်တယ်ဆိုပြီး ဖုန်းဆက်ပြောကြားလာခဲ့ပါတယ်။ ရီနီက ခရစ်စမတ်လက်ဆောင်အနေနဲ့ Nissan Armada ကားတစ်စီးကို လိုချင်မယ်ဆိုတာ သူတို့သိတဲ့အတွက် လက်ဆောင်ပေးဖြစ်ခဲ့တာဖြစ်တယ်လို့ ကားကုမ္ပဏီရဲ့အထွေထွေမန်နေဂျာက ပြောပါတယ်။
ရီနီက အခုနှစ်မှာ ဘာလက်ဆောင်မှ ရမယ်လို့ မမျှော်လင့်ခဲ့တဲ့အတွက် အံ့အားသင့်ပြီး မျက်ရည်တောင်ကျခဲ့ရပါတယ်။ Nissan Armada ကားကို လိုချင်ခဲ့တာကြာပြီဖြစ်ပြီး အခုလိုရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း ရီနီက ဆိုပါတယ်။

Ref: Kens5 “Preschool director who took on extra jobs to buy gifts for students receives new car”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top