အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်စစ်တပ်လေယာဉ် ပျက်ကျခဲ့တယ်လို့ အတည်ပြု

yyl-005-16.jpg

ပြီးခဲ့တဲ့တနင်္လာနေ့က အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ သူတို့ရဲ့လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့ အမေရိကန်စစ်တပ်က အတည်ပြုပါတယ်။ တာလီဘန်တွေ အင်အားကောင်းတဲ့ ဂါဇနီပြည်နယ်၊ ဒီယက်ခရိုင်မှာ လေယာဉ်ပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်မှာ လူဘယ်နှစ်ယောက်ပါလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ “လေယာဉ်ပျက်ကျတဲ့အကြောင်းရင်းကို စုံစမ်းနေတုန်းပါ။ ရန်သူတွေ ပစ်ချခဲ့လို့ ပျက်ကျခဲ့တယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ရသေးပါဘူး”လို့ အမေရိကန်စစ်တပ်ရဲ့ ဗိုလ်မှူးကြီး လက်ဂတ်က ပြောပါတယ်။ အမေရိကန်စစ်တပ်ရဲ့ နောက်ထပ်လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်ဆိုတဲ့ တာလီဘန်အဖွဲ့ရဲ့ ပြောကြားချက်ကို သူက ငြင်းဆန်ခဲ့ပါတယ်။

အမေရိကန်လေတပ် အမှတ်အသားပါဝင်ပြီး မီးလောင်ပျက်စီးနေတဲ့ လေယာဉ်တစ်စင်းရဲ့ ရုပ်သံမှတ်တမ်းကို တာလီဘန်အဖွဲ့က သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ တွေ့ရတဲ့လေယာဉ်ကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ အီလက်ထရောနစ်ဆိုင်ရာ စောင့်ကြည့်ရေးလုပ်ဖို့ အမေရိကန်လေတပ်က အသုံးပြုတဲ့ Bombardier E-11A လေယာဉ်ဖြစ်ပါတယ်။ အစောပိုင်းမှာ တာလီဘန်အဖွဲ့က အမေရိကန်လေတပ်ရဲ့ လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ ထိပ်တန်းအရာရှိတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တာလီဘန်အဖွဲ့ဟာ အမြင့်ပေ အများအပြားမှာ ပျံသန်းနေတဲ့ လေယာဉ်တစ်စင်းကို ပစ်ချနိုင်လောက်တဲ့ လေယာဉ်ပစ်အမြောက်တွေ ပိုင်ဆိုင်ထားဖွယ်မရှိဘူးလို့ ဘီဘီစီသတင်းဌာနရဲ့ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဂျိုနသန်မားကက်စ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top