ပါကစ္စတန်ဈေးတွေမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်က တိရစ္ဆာန်လေးတွေ သေဆုံးခဲ့

9-4-2020-yyl-015.jpg

ပါကစ္စတန်နိုင်ငံမှာ မြို့ကြီးတော်တော်များများကို ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် lockdownချထားရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် မြန်မြန်ဆန်ဆန်ပိတ်ထားခဲ့ရတဲ့ အိမ်မွေးတိရစ္ဆာန်ရောင်းချတဲ့ဈေးအတွင်းမှာ ရာပေါင်းများစွာသော ကြောင်တွေ၊ ခွေးတွေ၊ ယုန်လေးတွေ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ထွက်ရှိလာတဲ့သတင်းတွေအရ သိရပါတယ်။ တိရစ္ဆာန်ကယ်ဆယ်သူတွေက အာဏာပိုင်တွေကို ကရာချိမြို့ရဲ့Empress Market အတွင်း ဝင်ရောက်ဖို့ အနူးညွှတ်တောင်းပန်ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်နေတဲ့တိရစ္ဆာန်တွေကိုသာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Lockdown နှစ်ပတ်အတွင်း အေရှ ချွန်ဒရီဂါဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်သူက တိရစ္ဆာန်တစ်ထောင်အထက်ရှိတဲ့ ဈေးဆိုင်အတွင်းက တိရစ္ဆာန်လေးတွေရဲ့အော်သံကို ကြားခဲ့ရတာပါ။ “ကျွန်မတို့တွေ အထဲကို ရောက်တဲ့အခါ တိရစ္ဆာန်တွေ (၇၀) ရာခိုင်နှုန်းလောက် သေဆုံးနေပါပြီ။ သူတို့ရဲ့ခန္ဓာကိုယ်တွေက မြေကြီးမှာ လဲလျောင်းနေခဲ့ပါတယ်။ အရမ်းထိတ်လန့်ဖို့ကောင်းတယ်။ ပြောမပြတော့ပါဘူး” လို့ ACF တိရစ္ဆာန်ကယ်ဆယ်ရေးဖွင့်ထားတဲ့ အေရှက ပြောပါတယ်။

မီးအလင်းရောင်မရှိ၊ လေဝင်လေထွက်မရှိတဲ့ လောင်အိမ်မှာ သော့ခတ်ခံရပြီး အစာရေစာငတ်ပြတ်ခဲ့ရတာကြောင့် သေတဲ့တိရစ္ဆာန်တွေက သေ၊ ရှင်တဲ့တိရစ္ဆာန်တွေက ရှင်ခဲ့ရပါတယ်။ ဗိုင်းရပ်စ်ဖြစ်ပွားမှု ကြီးထွားလာတဲ့အတွက် ပါကစ္စတန်ရဲ့မြို့တော်တော်များများကို lockdown ချခဲ့ပြီး ဆိုင်တွေကို ပိတ်သိမ်းခဲ့ရပါတယ်။ မရှိမဖြစ်ထုတ်ကုန်တွေကို ရောင်းတဲ့ဆိုင်တွေကိုသာ ဆက်လက်လည်ပတ်ဖို့ ခွင့်ပြုပေးထားခဲ့ရပါတယ်။ ဒါက အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ပိုင်ရှင်တွေကို စီးပွားရေး ရပ်ဆိုင်းစေခဲ့ပါတယ်။ တချို့ပိုင်ရှင်တွေက တိရစ္ဆာန်တွေကို အစာကျွေးဖို့ ညဘက်မှာ ခိုးဝင်ပြီလာခဲ့ကြရပါတယ်။

အသက်ရှင်တဲ့တိရစ္ဆာန်တွေကို ကယ်ဆယ်ပြီးတဲ့နောက်မှာ အေရှက တိရစ္ဆာန်လေးတွေဆီ လာရောက်ဖို့ တိရစ္ဆာန်အရောင်းဆိုင်ပိုင်ရှင်တွေနဲ့ သူတို့ရဲ့အဖွဲ့ကို ခွင့်ပြုပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ လာဟိုးလ်မြို့မှာလည်း တိရစ္ဆာန်တွေက ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ခွေးအကောင် (၂၀) ရဲ့ခန္ဓာကိုယ်ကိုလည်း Tollinton Market မှာ တွေ့ရှိခဲ့ရပါတယ်။

တိရစ္ဆာန်အရောင်းဆိုင်တွေပိတ်လိုက်ရတဲ့အတွက် တိရစ္ဆာန်တွေက ဆာလောင်မွန်းသိပ်မှုဒဏ်ကို ခံစားခဲ့ရတာပါ။ တိရစ္ဆာန်ကယ်ဆယ်ရေး အဖွဲ့တည်ထောင်ထားသူ ကီရမ် မဟီကလည်း ဈေးထဲဝင်လို့ရအောင် အာဏာပိုင်တွေကို ခွင့်တောင်းပြီး ခွေးတွေ၊ ယုန်တွေ၊ ကြောင်တွေ နှစ်ဒါဇင်ကျော်လောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အရေအတွက်တော်တော်များများက သေဆုံးနေခဲ့ပါပြီ။ “ရဲတွေက ပိတ်ထားတာကို ဖွင့်လိုက်တဲ့အခါမှာ တိရစ္ဆာန်တော်တော်များများ အထဲမှာ သေဆုံးနေပါပြီ” လို့ ကီရမ်က ဆိုပါတယ်။

လက်ရှိ ပါကစ္စတန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ (၄၂၆၃) ဦး နဲ့ သေဆုံးသူ (၆၁) ဦးရှိနေပြီဖြစ်ပါတယ်။

Ref: Coronavirus lockdown: hundreds of abandoned animals die at Pakistan markets

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top