ဖိုးသော် လေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ် ၄ ဦး

8-4-2020-yyl-045.jpg

လူတိုင်းလူတိုင်းမှာ ကိုယ်စီလေးစားအားကျ စံနမူနာထားရတဲ့ စံပြပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ စံနမူနာထားရတယ်ဆိုတဲ့ အတိုင်းလည်း အ ဆိုပါပုဂ္ဂိုလ်တွေဟာ လူ့လောကအတွက် ကောင်းကျိုးတွေ ယူဆောင်ပေးလာသူတွေဖြစ်သလို နှောင်းလူတွေ လေးစားအားကျရလောက် စရာ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ လူသားတိုင်းဟာ ကိုယ်လေးစားအားကျခဲ့ရသူတွေလိုပဲ ပြုမူနေထိုင် မယ်၊ ကျင့်ကြံလုပ်ဆောင်မယ်ဆိုရင် ပိုကောင်းတဲ့အနာဂတ်ကို ဖန်တီးနိုင်မှာ သေချာပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ ယှဉ်ပြိုင်လျက်ရှိတဲ့ မြန်မာအားကစားသမား “ဘူရှီးဒိုး” ဖိုးသော် လေးစားအတုယူရတဲ့ ပုဂ္ဂိုလ် ၄ ဦးအကြောင်း ဖော်ပြလိုက်ပါတယ်။

၁။ ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာတစ်နိုင်ငံ ချစ်ခင်လေးစားကြတဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သလို အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရယူရာမှာ အဓိကအကျဆုံး ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူလို့လည်း ခေါ်ဆိုနိုင်တဲ့ ဗိုလ် ချုပ်အောင်ဆန်းဟာ အမှန်တရားကိုမြတ်နိုးသလို ကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်အတွက်သာ ဦးစားပေးလုပ်ဆောင်ခဲ့တာကြောင့် ရိုး ဂုဏ်မြင့်မားလွန်းသူလို့လည်း မှတ်တမ်းတင်ထိုက်သူပါ။ ဖိုးသော်က ဗိုလ်ချုပ်အောင်ဆန်းဟာ အမြင်ကျယ်သလို နိုင်ငံတော်အတွက် ဘာ လုပ်ပေးရမလဲဆိုတာကိုပဲ အစဉ်တွေးတောကြံဆနေသူလို့ ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းကတော့ မိမိတိုင်းပြည်ကို တကယ်ချစ်တဲ့ပုဂ္ဂိုလ်ပါ။ ပြီးတော့ ချစ်ရုံပဲမဟုတ်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အ မြင်ကျယ်ကျယ်နဲ့ မိမိကိုယ်တိုင် အနစ်နာခံပြီး တိုင်းပြည်ကောင်းစားဖို့အတွက် ကြိုးပမ်းပေးခဲ့သူပါ။ ဗိုလ်ချုပ်အောင်ဆန်းကို ရိုးသား ဖြောင့်မတ်တဲ့ လူမှန် နိုင်ငံရေးခေါင်းဆောင်အဖြစ် လေးစားပါတယ်” လို့ ဖိုးသော်က ဆိုပါတယ်။

၂။ လက်ဝှေ့ကျော်မောင်သောင်း

မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၀ ပြည့်လွန်နှစ်အတွင်း ထင်ရှားကျော်ကြားခဲ့တဲ့ လက်ဝှေ့ကျော်မောင်သောင်းကိုလည်း လေးစား အားကျတယ်လို့ ဖိုးသော်က ပြောပါတယ်။ ရန်ကုန်သား မောင်သောင်းဟာ ငယ်စဉ်က ဗမာလူမျိုးတွေအပေါ် နှိမ်ချဆက်ဆံချင်တဲ့ အင်္ဂ လိပ်လူမျိုးတွေ၊ အင်္ဂလိပ်-ဗမာ ကပြားတွေကို လက်သီးစွမ်းပြခဲ့သူဖြစ်ပြီး မိဘတွေသေဆုံးပြီးနောက် ဝါသနာပါလွန်းတဲ့ လက်ဝှေ့ကိုထိုး သတ်နိုင်ဖို့အတွက် ၁၉၄၁ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ အိန္ဒိယမှာရှိနေစဉ် ၁၉၄၁ ခုနှစ်မှာပဲ ဖယ်သာဝိတ်တန်း ကြေးစား လက်ဝှေ့ကျော် အာရ်ကေဒေးကားနဲ့ စတင်ထိုးသတ်တဲ့ပွဲမှာ အနိုင်ရခဲ့တဲ့မောင်သောင်းဟာ နောက်ပိုင်းမှာ အမေရိကန်၊ အင်္ဂလန်၊ ဖိ လစ်ပိုင်၊ ထိုင်း အစရှိတဲ့နိုင်ငံတွေ အထိသွားရောက်ကာ နာမည်ကျော်ချန်ပီယံတွေကို အနိုင်ယူတဲ့အထိ လက်စွမ်းထက်ခဲ့ပါတယ်။

“မောင်သောင်းကိုတော့ အားကစားသမားတစ်ယောက်ရဲ့ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်၊ ဇွဲသတ္တိနဲ့ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ မာန်တို့ကို လေးစားအားကျတာပါ။ သူက အင်္ဂလိပ်လက်အောက်မှာရှိနေစဉ် မြန်မာနိုင်ငံကို ကမ္ဘာကသိအောင် လက်ဝှေ့အားကစားနဲ့ လုပ်ဆောင် ပေးခဲ့ပါတယ်” လို့ ဖိုးသော်က ပြောပါတယ်။

၃။ Colonel Sanders

ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင်တည်ထောင်သူ Colonel Sanders ရဲ့ဖြတ်သန်းမှုကို လေးစားအားကျတယ်လို့ ဖိုးသော်က ဆိုပါ တယ်။ Sanders ဟာ ငယ်ရွယ်စဉ်က အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ပြီး အသက် ၆၂ နှစ်အရွယ်မှာ KFC ကိုတည်ထောင်ကာ ကမ္ဘာကျော်စား သောက်ကုန်လုပ်ငန်းတစ်ခုဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။ ဘဝမျိုးစုံ၊ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ရတဲ့ Sanders ဟာ ရည်မှန်းချက် အ ပြတ်မခံဘဲ ဇွဲနပဲနဲ့ကြိုးစားတာကြောင့် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

“Colonel Sanders ကို ဘာလို့လေးစားသလဲဆိုတော့ ဘဝမှာ အောင်မြင်မှုဆိုတာ အသက်ကြီးခြင်း၊ ငယ်ခြင်း အတန်းပညာ တတ်ခြင်း၊ မတတ်ခြင်းတို့နဲ့မဆိုင်ဘဲ ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ ယုံကြည်မှုကသာ အဓိကကျပြီး ဇွဲမလျှော့သရွေ့ အောင်မြင်မှုဆိုတာက အလှမ်းမဝေးနိုင် ဘူးဆိုတာကို အကောင်းဆုံးသက်သေပြနိုင်ခဲ့လို့ပါ” လို့ ဖိုးသော်က လေးစားရတဲ့အဓိက အကြောင်းရင်းကို ပြောပါတယ်။

၄။ Nick Vujicic

Tetra-amelia syndrome ရောဂါကြောင့် ခါးအောက်ပိုင်းမပါ၊ လက်နှစ်ဖက်မပါဘဲ မွေးဖွားလာတဲ့ သြစတြေးလျနိုင်ငံသား စိတ်ခွန်အား ပေးသူ Nick Vujicic ကိုလည်း ဖိုးသော်က စံထားပါတယ်။ အသက် ၃၈ နှစ်အရွယ် Vujicic ကိုမွေးဖွားစဉ်ကဆိုရင် မိခင်ဖြစ်သူက ဒီက လေးကို မမြင်ချင်ဘူးဆိုပြီး အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းကျမှ သားအဖြစ် လက်ခံခဲ့တာပါ။ ဘဝပေးကုသိုလ်ကံကြောင့် ကိုယ်လက်အင်္ဂါမစုံလင်ဘဲ မွေးဖွားလာခဲ့ပေမယ့်လည်း Vujicic ဟာ ဘဝကိုအရှုံးမပေးဘဲ ကြိုးစားခဲ့တာကြောင့် အောင်မြင်ထင်ရှားတဲ့ motivational speaker အဖြစ် ရပ်တည်နေသူပါ။

“သူက ဘဝမှာ ဘယ်လိုမွေးဖွားခဲ့တယ်ဆိုတာ အရေးမကြီးဘဲ ဘယ်လိုရှင်သန်ပြီး လောကဓံကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို လက် တွေ့ကျကျပြခဲ့သလို ဘယ်တော့မှအရှုံးမပေးဘဲ ပျော်ပျော်နေတတ်ပါတယ်။ Vujicic ပေးခဲ့တဲ့ ဘဝသင်ခန်းစာတွေက လူတွေကို အိပ် မက်အသစ်တွေ၊အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းတာကြောင့် လေးစားရတဲ့သူပါပဲ” လို့ ဖိုးသော်က ဆိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top