အိန္ဒိယနိုင်ငံမှာ ကြိုးတံတားပြိုကျလို့ အနည်းဆုံး လူ ၄၀ သေဆုံး

31-10-2022-yyl-01.jpg

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ ကြိုးတံတား ပြိုကျလို့ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပါတယ်။ မိုအာဘီမြို့ရဲ့ မက်ချူးမြစ်ပေါ် ဖြတ်သန်းတည်ဆောက်ထားတဲ့ ကြိုးတံတား ပြိုကျချိန် တံတားပေါ်မှာ လူ ၄၀၀ လောက် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ တံတားပြိုကျသွားပြီးနောက် လူတွေ တွဲလောင်းခေါ်နေရတာ တွေ့ရပါတယ်။ မွမ်းမံပြင်ဆင်မှု လုပ်ခဲ့ရတဲ့ ဒီကြိုးတံတားဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ပြန်လည်ဖွင့်လှစ်တာပါ။ ၇၅၄ ပေ ရှည်လျားတဲ့ ကြိုးတံတားဟာ အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ အုပ်ချုပ်ခဲ့တဲ့ ၁၉ ရာစုကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit – Reuters

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top