ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၅ ရာခိုင်နှုန်းမှာ သန္ဓေပြောင်းပိုး ကူးစက်ခံရခြင်းဖြစ်

3-11-2020-yyl-012.jpg

ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရတဲ့ ကိုဗစ်-၁၉ လူနာ ၈၅ ရာခိုင်နှုန်းလောက်ဟာ မူလရောဂါပိုးထက် ပိုကူးစက်မြန်တဲ့ D614G သန္ဓေပြောင်းပိုး ကူးစက်ခံရတာဖြစ်တယ်လို့ သုတေသနတစ်ရပ်မှာ တွက်ချက်ထားပါတယ်။ D614G သန္ဓေပြောင်းပိုးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဥရောပမှာ စတင်တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံတကာခရီးသွားလာမှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ အမေရိကတိုက်၊ သမုဒ္ဒရာပိုင်းဇုန်၊ အာရှတိုက်နဲ့ ကမ္ဘာ့တိုက်ကြီးတွေဆီ ရောက်ရှိသွားခဲ့တာပါ။

ရောဂါပိုးက သန္ဓေပြောင်းသွားချိန်မှာ အသက်ရှူလမ်းကြောင်း အပေါ်ဘက်မှာရှိတဲ့ ဗိုင်းရပ်စ်ပမာဏ များပြားလာဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။ ဒါကြောင့် ရောဂါပိုးရှိသူက စကားပြောတာ၊ နှာချေတာ၊ ချောင်းဆိုးတာတွေလုပ်တဲ့အခါ ရောဂါပိုးကူးစက်ဖို့ ပိုလွယ်ကူပါတယ်။ ဒါပေမဲ့ သုတေသနတွေမှာတော့ ဗိုင်းရပ်စ်ပမာဏ များလာလို့ ရောဂါကူးစက်မှု ပိုမြန်လာတာဖြစ်တယ်ဆိုတဲ့ တိုက်ရိုက်ဆက်နွှယ်မှု မတွေ့ရပါဘူး။

တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ လူနာ ၅၀၀၀ ကျော်ကို လေ့လာခဲ့ရာမှာ ၉၉.၉ ရာခိုင်နှုန်းက D614G သန္ဓေပြောင်းပိုး ကူးစက်ခံခဲ့ရတာကို တွေ့ရှိခဲ့ပါတယ်။ ရောဂါပိုး သန္ဓေပြောင်းသွားရင် ကာကွယ်ဆေးအသစ် ထုတ်လုပ်ဖို့ လိုအပ်မလားဆိုတာကို သုတေသီတွေက စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဓနသဟာယသိပ္ပံပညာနဲ့ စက်မှုလုပ်ငန်းသုတေသနအဖွဲ့အစည်း (CSIRO)ရဲ့ သုတေသနအရ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇက D ကနေ G ကို ပြောင်းလဲသွားပေမဲ့ ကာကွယ်ဆေးရဲ့အာနိသင်ကို သက်ရောက်မှုရှိစေမှာမဟုတ်ဘူးလို့ တွေ့ရှိခဲ့ပါတယ်။

Ref: Dailymail ” Coronavirus mutation that has become the dominant strain worldwide may be MORE contagious than the original – accounting for over 85% of global cases”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top