ဦးနှောက်သေသွားတဲ့ လူငယ်လေးက သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေနဲ့ လူနာ ၈ ဦးကို ဘဝသစ်ပေးခဲ့

29-11-2022-yyl0၇.jpg

အသက် ၂၅ နှစ်အရွယ် အန်မိုလ် ဂျန် ဆိုသူ အိန္ဒိယလူငယ်လေးက ယာဥ်မတော်တဆမှုဖြစ်ပြီးနောက် ဦးနှောက်သေသွားခဲ့ပါတယ်။ အန်မိုလ် ဦးနှာက်သေသွားပြီဆိုတာ သိလိုက်ရတဲ့ သူ့ရဲ့မိသားစုဝင်တွေက သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းခဲ့ပါတယ်။ တနင်္လာနေ့က အန်မိုလ်ရဲ့နှလုံး၊ အသည်း၊ ကျောက်ကပ်နှစ်ခု၊ မျက်လုံးနဲ့အရေပြားတွေကို ဘိုပေါမြို့၊အင်ဒိုရီမြို့၊ အမယ်ဒါဘတ်မြို့က လူနာတွေကို လှူဒါန်းခဲ့ပါတယ်။

“အန်မိုလ်ဟာ နိုဝင်ဘာ ၁၇ ရက်နေ့က ယဥ်မတော်တဆမှုဖြစ်ခဲ့ပြီး ခေါင်းမှာ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာတွေရခဲ့တယ်။အဲဒီရလဒ်ကြောင့် သူဟာ ဦးနှောက်သေသွားခဲ့ရတယ်။ အဲဒီနောက်မှာ သူ့ရဲ့မိသားစုဝင်တွေက သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းခဲ့ပြီး လူ ၈ ဦးကို ဘဝသစ်ပေးခဲ့တယ်။ အာဏာပိုင်တွေကို ဆက်သွယ်ခဲ့ပြီး လူနာရဲ့နှလုံး၊ အသည်း၊ ကျောက်ကပ်တွေကို မနက် ၉ နာရီကနေ ၁၁ နာရီအထိ ထုတ်ယူခဲ့တယ် “လို့ ဘိုပေါမြို့က Siddhanta ဆေးရုံရဲ့ဆေးဘက်ဆိုင်ရာဒါရိုက်တာ ဆူဘိုဒါ ဗာရှ်နေးက ပြောပါတယ်။

အန်မိုလ်က အလားလာကောင်းတဲ့ခရစ်ကတ်ကစားသမာတစ်ယောက်ဖြစ်ခဲ့ပြီး DB Mall က ကုမ္ပဏီတစ်ခုနဲ့ အလုပ်တွဲလုပ်ခဲ့တယ်။ သူက ငယ်ရွယ်တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေက အလွန်ကောင်းမွန်တယ်လို့ Bhopal Organ Donation Society ရဲ့ အ​ြံပြးပုဂ္ဂိုလ်ဆိုနီးလ် ရိုက်က ပြောပါတယ်။

အစားထိုးကုသမှုအတွက် အဓိကအင်္ဂါအစိတ်အပိုင်းသုံးခုကို ဂူဂျာရတ်၊ အင်ဒိုရီနဲ့ ဒေသဆိုင်ရာဆေးရုံတွေဆီ အလျင်အမြန်ပို့ဆောင်ဖို့အစိမ်းရောင်စင်္ကြံလမ်း ၃ ခုကို တနင်္လာနေ့က လုပ်ထားခဲ့ရတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

နှလုံးကို အမယ်ဒါဘတ်မြို့ကို ပို့ဆောင်ဖို့အတွက် လေဆိပ်အလျင်အမြန်ရောက်ဖို့ အစိမ်းရောင်စင်္ကြံလမ်းတစ်ခုလုပ်ခဲ့တာပါ။ နောက်ထပ် အစိမ်းရောင်စင်္ကြံလမ်းကတော့ အင်ဒိုရီမြို့ကို အသည်း ပို့ဆောင်ဖို့အတွက်ပါ။ နောက်ဆုံးတစ်ခုက ဒေသတွင်း ဆေးရုံတစ်ခုဆီ ကျောက်ကပ်တစ်ခု အမြန်ပို့ဆောင်ဖို့အတွက်ပါ။ အင်ဒိုရီမြို့မှာ အသည်းအစားထိုးကုသမှုလုပ်ဆောင်နေပြီး ကျန်တဲ့အစားထိုးကုသမှုတွေကတော့ အောင်အောင်မြင်လုပ်ဆောင်နိုင််ခဲ့ပါတယ်။

အစားထိုးကုသမှုလုပ်ဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေ ပို့ဆောင်ဖို့ အစိမ်းရောင်စင်္ကြံလမ်း ၃ ခု လုပ်ခဲ့တာက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အစိမ်းရောင်စင်္ကြံလမ်းတွေအောက်မှာ အခြားအေဂျင်စီတွေနဲ့ ပူးပေါင်းထားတဲ့ ရဲတပ်ဖွဲ့က ကိုယ်တွင်းအင်္ဂါတွေ ပို့ဆောင်မယ့် လူနာတင်ယာဥ်တွေအတွက် ကြိုတင်ပြီး ယာဥ်ကြောရှင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

Ref: Indiatimes “Declared Brain Dead, 25-year-old ‘Promising Cricketer’ Gives New Lease Of Life To 8 Patients”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top