OPPO မှ နားကြပ်များ၊ TV များနှင့် များစွာသော ထုတ်ကုန်များကို မိတ်ဆက်ခဲ့ပြီး IoT Ecosystem ကို ရည်မှန်းချက်ဖြင့် ချဲ့ထွင်လုပ်ဆောင်

Photo-1.jpg

နိုဝင်ဘာ ၃၊ ၂၀၂၀၊ ရန်ကုန်၊ မြန်မာ ။ ။ OPPO မှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို “One More Step” ဟူသော ခေါင်းစဥ်ဖြင့် ကျင်းပခဲ့သည်။ OPPO သည် အဆိုပါ အခမ်းအနားတွင် ထုတ်ကုန်အသစ်များဖြစ်သည့် OPPO Enco X True Wireless Noise Cancelling Earphone များ၊ OPPO Watch RX1၊ OPPO TV S12 နှင့် OPPO TV R1 series3 တို့ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်း၏ IoT Ecosystem ကို ချဲ့ထွင်လုပ်ဆောင်ခဲ့သည်။

ဤ ထုတ်ကုန်များကို ပွဲဦးထွက် မိတ်ဆက်ခြင်းသည် OPPO ၏ IoT ဈေးကွက်အတွက် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ချဲ့ထွင်သည့် မဟာဗျူဟာမြောက်နည်းလမ်း၏ လမ်းစ ဖြစ်သည်။ OPPO သည် Scenarios မျိုးစုံမှ Device မျိုးစုံကို အသုံး ပြုကာ စမတ်ဖုန်းများ၊ TV များ၊ Earphones များနှင့် နာရီများ အစရှိသည့် Core-entry level ထုတ်ကုန်များကို စဉ်ဆက် မပြတ် ဆန်းသစ်တီထွင်ခြင်းဖြင့် Smart ဖြစ်သော အတွေ့အကြုံကို ဖန်တီးပေးလျက်ရှိသည်။ OPPO သည် ခေတ်မီ နောက်ဆုံးပေါ်နည်းပညာများနှင့် ဆွဲဆောင်မှုရှိသော ဒီဇိုင်းများကို ပေါင်းစပ်ကာ သုံးစွဲသူများကို အသိဉာဏ် ပြည့်ဝ၍ ပျော်ရွှင်ဖွယ် ဘဝများ ရရှိစေရန် ကူညီလျက်ရှိသည်။

OPPO Enco X True Wireless Noise Cancelling Earphones မှ အသံအရည်အသွေးကို ပြောင်းလဲသတ်မှတ်ပေးခြင်း

OPPO သည် OPPO Enco X True Wireless Noise Canceling Earphones ကို ထုတ်လုပ်ရန် ကမ္ဘာ့ထိပ်တန်း Hi-Fi အမှတ်တံဆိပ် Dynaudio နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည်။ Dynaudio A/S ၏ Chief Acoustic Specialist နှင့် Dynaudio ၏ ဆုရ Speaker များ၏ Acoustic Designer ဖြစ်သူ Daniel Emonts က နားကြပ်များကို ချိန်ညှိဖန်တီးပေးထားခြင်း ဖြစ်သည်။ အထူးသီးသန့် DBEE 3.0 Acoustic စနစ်ဖြင့် တီထွင်ဖန်တီးထားပြီး ထူးခြားဆန်းသစ်သည့် အသံဆိုင်ရာ ဖွဲ့စည်း တည်ဆောက်ပုံ ဒီဇိုင်းပါဝင်သော OPPO Enco X True Wireless Noise Cancelling Earphones များသည် ပြည့်စုံ၍ တိကျပြတ်သားသော ဂီတသံစဥ်များကို Hi-Fi အရည်အသွေးဖြင့် ဖန်တီးပြုလုပ်ထားပြီး သဘာဝဆန်သော အသံများကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။

ထို့အပြင် နားကြပ်၏ ဆူညံသံကို ပယ်ဖျက်ပေးသည့် လုပ်ဆောင်ချက်သည် အခြေအနေတိုင်းတွင် လုပ်ဆောင်နိုင်ပြီး ANC Dual Active Noise Cancellation, Multi-level Noise Reduction Management နှင့် Transparency Mode တွင် Natural Communication ရရှိစေမည့် စနစ်များကို ပါဝင်အားဖြည့်ပေး ထားသည်။ နားကြပ်များသည် Microphone Call, Noise Cancellation နှင့် Wireless Charging စသည့် လုပ်ဆောင်ချက် ၃ မျိုးကို ထောက်ပံ့ပေးသည်။

OPPO မှ Core Entry-level ရှိ IoT ထုတ်ကုန်များကို ပိုမို ထုတ်လုပ်လာခြင်း

ဤအခမ်းအနားတွင် OPPO မှ TV series ၂ ခုဖြစ်သော OPPO TV S1 နှင့် OPPO TV R1 တို့၏ မတူညီသော မော်ဒယ် သုံးမျိုးတို့ကို ပွဲထုတ်ပြသခဲ့သည်။ ၆၅ လက်မ အရွယ်အစားရှိသော OPPO TV S1 တွင် 4K QLED Resolution ရှိ Quantum Dot Wide Color Gamut မျက်နှာပြင်ပါရှိသည်။ NTSC ၏ 120% Ultra-wide Color Gamut မှ ကြည်လင်ပြတ်သား ပေါ်လွင်သော Graphics များကို နူးညံ့ချောမွေ့ ပြေပြစ်သော အရောင်အကူးအပြောင်းများဖြင့် ရရှိစေရန် လုပ်ဆောင်ပေး သည်။ ထို့ပြင် နောက်ဆုံးပေါ် 120Hz Refresh Rate နှင့် Variable Refresh Rate (VRR) တို့သည် အားကစားနှင့် ဂိမ်းကစားခြင်းဆိုင်ရာ Graphics များကို ချောမွေ့ပြေပြစ်၍ သဘာဝကျစေရန် သေချာလုပ်ဆောင်ပေးထားသည်။

TV များ၏ အသံပိုင်းဆိုင်ရာ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ရုပ်ရှင်ရုံများကဲ့သို့ စွဲငြိဖွယ်ရာ အသံအရည်အသွေးကို ပေးအပ်နိုင်ရန် OPPO သည် Dynaudio နှင့် ထပ်မံ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ OPPO TV S1 တွင် 5.1.2 Channels နှင့် Dolby Atmos ကို ထောက်ပံ့ပေးနိုင်သည့် စုစုပေါင်း 85W အားအထိ ရှိသော Stereo Surround Speaker ၁၈ ခုကို ထည့်သွင်းတပ်ဆင်ထားသည်။

OPPO TV R1 ၏ ၅၅ လက်မနှင့် ၆၅ လက်မ မော်ဒယ်များတွင် Quad-core Processor နှင့် မြန်နှုန်းမြင့် Wi-Fi 6 တို့ တပ်ဆင်ထားပြီး သုံးစွဲသူများကို “instant-on” လုပ်ဆောင်ချက်ဖြင့် ဆန်းသစ်သော ဧည့်ခန်း အတွေ့အကြုံကို ရရှိစေမည် ဖြစ်သည်။

ထို့အပြင် OPPO သည် ၎င်း၏ ပထမဦးဆုံး Round Dial စမတ်နာရီ OPPO Watch RX နှင့် အဆင့်မြှင့်ထားသော Dial အသစ်များ၊ Sports modes များနှင့် မျိုးစုံသော App များ ပါဝင်သည့် ColorOS Watch 1.5 ကို သုံးစွဲသူအတွေ့အကြုံ ပိုမို မြှင့်တင်ရန်ရည်ရွယ်၍ မိတ်ဆက်ပေးခဲ့သည်။ OPPO မှ League of Legends နှင့် ပူးပေါင်းလက်တွဲ၍ အထူးပြုလုပ် ထားသော ထုတ်ကုန် ၃ ခုဖြစ်သော OPPO Watch League of Legends Limited Edition, OPPO Watch RX League of Legends Limited Edition နှင့် OPPO Find X2 League of Legends Esports: Worlds 2020 Edition ကိုလည်း မိတ်ဆက်ကြေညာပေးခဲ့သည်။

“ကျွန်တော်တို့ Internet of Experience နည်းဗျူဟာရဲ့ မဟာဗျူဟာဆိုင်ရာ ရည်မှန်းချက်အသစ်ဖြစ်တဲ့ OPPO Ecosystem အသစ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်” ဟု Liu က ပြောကြားခဲ့သည်။ “ဆိုလိုတာကတော့ OPPO ရဲ့ အနာဂတ်ထုတ်ကုန်များက ကျွန်တော်တို့ရဲ့ ချိတ်ဆက်မှုရှိတဲ့ Ecosystem အသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လာမှာဖြစ်ပြီး သုံးစွဲသူများအတွက် ပူပန်ကြောင့်ကြမှု မရှိစေဘဲ အံ့ဩဖွယ်ကောင်းပြီး စမတ်ဖြစ်စေမယ့် ဘဝကို ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

OPPO ၏ ပိုမို ချိတ်ဆက်မှုရှိသော အနာဂတ်ဆီသို့‌ “နောက်ထပ်ခြေလှမ်း”

ကမ္ဘာတစ်ဝန်းတွင် 5G နှင့် AI နည်းပညာများ ဖြန့်ကြက်မှု ကျယ်ပြန့်လာသည်နှင့်အမျှ ထုတ်ကုန်ပစ္စည်းများ၏ ချိတ်ဆက်မှု စွမ်းဆောင်ရည်များအပေါ် တောင်းဆိုချက်များသည်လည်း မြင့်တက်လာ၍ OPPO သည် Inernet of Things ခေတ်ဆီသို့ အရှိန်မြှင့်၍ လုပ်ဆောင်လာသည်။ ကမ္ဘာ့ထိပ်တန်း နည်းပညာအမှတ်တံဆိပ်တစ်ခုအနေဖြင့် OPPO သည် စမတ်ဖုန်း ထုတ်လုပ်သူအဖြစ် သာမက IoT Ecosytem အသစ်ကို ဖန်တီးရန် ၎င်း၏ ရေရှည်အာရုံစိုက် လုပ်ကိုင်မှုကို ပြောင်းလဲလာခဲ့ သည်။

OPPO သည် ဆက်လက်၍ Key Application Scenarios (၃) ခု ကို ဖြစ်သော Personal Entertainment၊ Home appliance & Furnishing နှင့် Sports & Health ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်၍ ဤ Themes များနှင့် သက်ဆိုင်သော ၎င်း၏ IoT Product Lineup ကို တဖြည်းဖြည်း ချဲ့ထွင် ထုတ်လုပ်သွားမည်ဖြစ်သည်။

OPPO သည် ၎င်း၏ IoT မဟာဗျူ ဟာ ကို OPPO INNO Day 2019 တွင် ပထမဦးဆုံး ထုတ်ပြန်ကြေညာခဲ့၍ ကုမ္ပဏီ၏ Core Entry-level ထုတ်ကုန်များကို အဓိကထား လုပ်ဆောင်မှုနှင့် ပွင့်လင်းမြင်သာသော IoT ecosystem ဖန်တီးမှုတို့ကို တင်ပြခဲ့သည်။ OPPO သည် ဘက်ပေါင်းစုံ Application Scenarios များ တည်ဆောက်ခြင်း၊ စမတ်ဖြစ်သည့် အတွေ့အကြုံများကို တိုးတက်ကောင်းမွန်လာစေရန် ပြုလုပ်ခြင်းနှင့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ထိရောက်မှုရှိသော Ecosystem ကို တီထွင်ဖန်တီးကာ နောက်ထပ်ခြေလှမ်းတစ်ခုကို စတင်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ OPPO သည် သုံးစွဲသူများကို အဆင်ပြေချောမွေ့ပြီး အံ့ဩဖွယ်ကောင်းသော စမတ်ဖြစ်သည့် ဘဝကို ရရှိစေရန် ရည်ရွယ်၍ လုံခြုံစိတ်ချရသော ချိတ်ဆက်မှုကို ခေတ်မီနောက်ဆုံးပေါ် နည်းပညာများဖြင့် ပေါင်းစပ်ရင်း ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲများ ပေါင်းစပ်ကာ အသိဉာဏ်ရှိသော အတွေ့အကြုံသစ်ကို ပူးတွဲဖန်တီးနိုင်ရန် ကမ္ဘာတစ်ဝန်းမှ မိတ်ဖက်များကို ပိုမို ခေါ်ဆောင်လျက်ရှိသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top