လီဂူး-၁ အသင်းတစ်သင်းအတွက် လစာမယူဘဲ ကစားပေးချင်နေတဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဆစ်စီ

8-5-2020-yyl-013.jpg

လီဗာပူးနဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်း ဒီဂျီဘရယ်ဆစ်စီက လီဂူး-၁ ကလပ်အသင်း တစ်သင်းသင်းအတွက် လစာမယူဘဲ ကစားပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ အသက် ၃၈ နှစ်ရှိနေတဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဆစ်စီဟာ ၂၀၁၅ ခုနှစ်မှာ ဒဏ်ရာကြောင့် ဘောလုံးလောကကနေ အနားယူခဲ့ပါတယ်။ ဒါပေမဲ့ အနားယူပြီးနောက်ပိုင်းမှာ ဆွစ်ဇာလန်ကလပ် ယာဒွန်၊ အီတလီကလပ် ဗီစင်ဇာအသင်းတွေမှာ ကစားခဲ့သူပါ။ သူဟာ လီဂူး-၁ သွင်းဂိုး ၉၆ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ဂိုး ၁၀၀ ပြည့်မြောက်ရေးအတွက် လီဂူး-၁ အသင်းတစ်သင်းသင်းမှာ ကစားချင်နေတာဖြစ်ပါတယ်။

” ဒါက တိုက်စစ်မှူးတွေအတွက် ဘယ်လိုခံစားရလဲဆိုတာ ခင်ဗျားသိမှာပါ။ ကျွန်တော်တို့က ဂိုးသွင်းရတာ ကြိုက်တယ်။ ၂၅ ဂိုး၊ ဂိုး ၅၀၊ ၇၅ ဂိုး အစရှိတဲ့ မှတ်တမ်းတွေကို သဘောကျတယ်။ ဂိုး ၁၀၀ ဆိုတဲ့ မှတ်တိုင်တစ်ခုက ကျွန်တော့်ကို ခြောက်လှန့်နေတယ်။ ကျွန်တော် အနားယူပြီးကတည်းက ၉၆ ဂိုးမှာ ရပ်တန့်သွားတယ်။ ကျွန်တော့်အတွက် ၄ ဂိုးပဲ လိုတော့တာပါ။ ကျွန်တော် ဂိုး ၁၀၀ ပြည့်ဖို့ ရူးသွပ်နေတယ်။ ၄ ဂိုးသွင်းနိုင်ဖို့ လီဂူး-၁ မှာ ပြန်ကစားချင်တယ်။ ကလပ်အသင်း တစ်သင်းသင်းက လက်ခံမယ်ဆိုရင် သူတို့အသင်းအတွက် ၂ လ၊ ၃ လ လောက် ကစားချင်တယ်။ လစာမယူဘဲ ကစားပေးဖို့ အသင့်ပါပဲ”လို့ ဆစ်စီက ပြောပါတယ်။ ဆစ်စီဟာ အော်ဇေး၊ မာဆေး၊ ဘက်စတီယာ စတဲ့ လီဂူး-၁ အသင်းတွေမှာ ကစားခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top