ရုံဝင်ကြေး ၁ ဘီလျံကျော်နဲ့ ၂၀၂၂ ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံးရုပ်ရှင်ကားဖြစ်လာခဲ့တဲ့ တွမ် ခရုစ်ရဲ့ Top Gun: Maverick

27-6-2022-yyl09.jpg

မင်းသားတွမ်ခရုစ်ရဲ့ Top Gun: Maverick ရုပ်ရှင်ကားဟာ Worldwide Box Office မှာ ရုံဝင်ကြေး ဒေါ်လာ ၁ ဘီလျံကျော်သွားခဲ့ပြီး ဆက်တိုက်တက်လာနေပါတယ်။ အဲဒီရုပ်ရှင်ကားက ရုံဝင်ကြေး ဒေါ်လာ ၁.၀၆ ဘီလျံ ရရှိသွားခဲ့တာပါ။ အခုဆိုရင် Top Gun: Maverick က ၂၀၂၂ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံးရုပ်ရှင်ကားလည်းဖြစ်လာခဲ့ပါတယ်။

Top Gun: Maverick ရုပ်ရှင်ကားက ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းမှာ ရုံတင်ကြေးအများဆုံးရရှိခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ပထမရုပ်ရုင်ကားကတော့ ဒေါ်လာ ၁.၉ ဘီလျံရရှိခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ Spider-Man: No Way Home ဖြစ်ပါတယ်။

၁၉၈၆ခုနှစ်ရဲ့ Top Gun ရုပ်ရှင်ကား နောက်ဆက်တွဲ Maverick က တစ်လအတွင်း အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၅၂၁.၇ သန်း၊ နိုင်ငံတကာမှာ ဒေါ်လာ ၄၈၄.၇ သန်းနဲ့ ဒေါ်လာ ၁ ဘီလျံကျော်ရရှိခဲ့တာပါ။

ရုံတင်တင်ချင်းမှာ Maverick က အမေရိကန်မှာ ဒေါ်လာ ၁၂၄ သန်း နဲ့ Worldwide Box Office မှာ ဒေါ်လာ ၂၄၈ သန်း ရရှိခဲ့ပါတယ်။ ပထမဆုံး Top Gun ရုပ်ရှင်ကားကလည်း ပြည်တွင်း Box Office မှာ ဒေါ်လာ ၁၇၆ သန်းနဲ့ ၁၉၈၆ခုနှစ်ရဲ့ဝင်ငွေအမြင့်ဆုံးရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်။

တွမ်ခရုစ်ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ဒီရုပ်ရှင်ကားက သူ့ရဲ့ဝင်ငွေအမြင့်ဆုံးဇာတ်ကားလည်းဖြစ်ခဲ့ပါတယ်။ Top Gun: Maverick မတိုင်ခင်ကတော့ Mission Impossible: Fallout က ဒေါ်လာ ၇၉၁ သန်းနဲ့ တွမ်ခရုစ်ရဲ့ဝင်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်ခဲ့တာပါ။

Ref: Ladbible “Top Gun: Maverick Becomes Highest Grossing Film Of 2022 After Bringing In $1 Billion At The Box Office”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top