တီးတိန်လူနာနှင့် ထိတွေ့မိသူများအနက် ၂၆ ဦးကို Home Quarantine လုပ်ထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကလေး-တီးတိန် Shalom ယာဉ်လိုင်းမှာ Patient Zero နဲ့အတူ လိုက်ပါလာသူ စုစုပေါင်း ၁၃ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။
တီးတိန်မြို့မှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။
ကပ်ပ်တဲလ်ကျေးရွာမှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။
သူ့မိခင်ဖြစ်သူကို သီးခြားနေအိမ်အလွတ်မှာ Home Quarantine လုပ်ထားပါတယ်လို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။
အားလုံးက နားလည်မှု အပြည့်နဲ့ ပူးပေါင်းပါဝင်ကြပါတယ်။ လက်ရှိအချိန်မှာ ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အလေးထား ဆောင်ရွက်ပေးနေပါပြီလို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။
Team (ရိုးရာလေး)