သင့်နှလုံးကို ထိခိုက်စေနိုင်တဲ့ မထင်မှတ်လောက်စရာအလေ့အထတချို့

yyl-038-6.jpg

ကျွန်တော်တို့နှလုံးက အရေးပါတဲ့အင်္ဂါအစိတ်အပိုင်းမှာ တစ်ခုအပါအဝင်ဖြစ်ပြီး တတ်နိုင်သမျှ နှလုံးကျန်းမာအောင် ကြိုးစားနေထိုင်ကြရပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာ၊ ဆေးလိပ်မသောက်တာ၊ အရက်မသောက်တာတွေက နှလုံးပြဿနာတွေဖြစ်ခြင်းမှ ဟန့်တားပေးပါတယ်။ ဒါ့အပြင် တချို့အလေ့အထတွေက မထင်ထားဘဲ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်..။

တီဗီအဆက်မပြတ်ကြည့်ခြင်း

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို နေ့တိုင်းလုပ်တဲ့အတွက် ညဘက်တွေမှာ တီဗီတရက်ဆက်ကြည့်တာက လုံးဝအဆင်ပြေတယ်လို့ ထင်ကြမှာပါ။ တီဗီ၊ ဖုန်းတို့နဲ့ ကော်ကပ်ထားသလို အချိန်အကြာကြီးထိုင်ပြီးကြည့်တာက နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားနိုင်ပါတယ်။ လှုပ်ရှားမှုနည်းခြင်းက ခန္ဓာကိုယ်ထဲက အဆီနဲ့ သကြားဓာတ်ပမာဏကို အနှုတ်လက္ခဏာပြနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ရမှာက ထိုင်တာများသွားရင် (၁၅) မိနစ်တိုင်းထပြီး လှုပ်လှုပ်ရှားရှားနေပေးဖို့ပဲဖြစ်ပါတယ်။

ဟောက်ခြင်း

ကျွန်တော်တို့ရဲ့အိမ်မှာ အိပ်ရင် ဟောက်တတ်တဲ့သူရှိကြလား။ ဟောက်တဲ့အလေ့အကျင့်က အခြားသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက သွေးဖိအားများတာ၊ နှလုံးအားနည်းတာတွေနဲ့ ဆက်စပ်နေတဲ့ အိပ်နေစဉ်အသက်ရှုလမ်းကြောင်းပိတ်ရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ဟောက်တတ်တဲ့အကင့်ရှိရင် အဲဒီရောဂါဖြစ်နိုင်တာကြောင့် အြခေအနေတိုးတက်လာစေမယ့် ကုသနည်းတွေရှိပါတယ်။

သွားကြားတွေကို မသန့်ရှင်းခြင်း

သွားဖုံးရောဂါနဲ့ နှလုံးရောဂါတွေက ဆက်စပ်မှုရှိတယ်ဆို သိသင့်ပါသလား။ သွားဖုံးရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားတွေက ခန္ဓာကိုယ်တွင်းလည်ပတ်နေတဲ့သွေးတွေထဲ ဝင်လာနိုင်ပြီး ရောင်ရမ်းလာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာရင် နှလုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွားကြားတွေကို နေ့တိုင်းသန့်ရှင်းပေးဖို့မမေ့ပါနဲ့။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို လုံလုံလောက်လောက်မစားခြင်း

အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်ပုံမှန်စားပေးတဲ့သူတွေက မစားတဲ့သူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါဖြစ်နိုင်ခြေကို (၂၀) ရာခိုင်နှုန်းလျော့ချပေးတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချချင်ရင်တော့ နေ့တိုင်း သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်းပုံမှန်စားပေးသင့်ပါတယ်။

အရက်အလွန်အကျွံသောက်ခြင်း

အရက်ကို ဆေးဖြစ်ဝါးဖြစ်သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းတယ်လို့ ကျွန်တော်တို့အားလုံးကြားဖူးကြပါတယ်။ ဒါပေမဲ့ အရက်ကို အလွန်အကျွံသောက်သုံးခြင်းက သွေးဖိအားများလာတာ၊ သွေးအတွင်းအဆီဓာတ်များတာနဲ့ နှလုံးလုပ်ဆောင်အားနည်းတာတွေနဲ့ ဆက်စပ်ပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်တာက နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ အရက်သောက်မယ်ဆိုရင် အကန့်အသတ်နဲ့သောက်တာ အကောင်းဆုံးပါပဲ။

Ref: unexpected reasons that can hurt your heart

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top