ကမ္ဘာ့လုပ်ခလစာအကောင်းဆုံးဖြစ်တဲ့ ဥရောပနိုင်ငံငယ်လေး

27.2.2023-image-12.jpg

ဥရောပတိုက် အနောက်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဖြစ်တဲ့ လူဇင်ဘတ်နိုင်ငံမှာ လူတစ်ဦးရဲ့ တစ်နှစ်ပျမ်းမျှလုပ်ခက ဒေါ်လာ ၆၈၆၈၁ (မြန်မာငွေ သိန်း ၁၅၀၀ ဝန်းကျင်) ရှိပါတယ်။ လူတစ်ဦးချင်းရဲ့ ပျမ်းမျှလုပ်ခ အများဆုံးနိုင်ငံတွေစာရင်းမှာ လူဇင်ဘတ်က နံပါတ်(၁) ချိတ်ပါတယ်။

လူဇင်ဘတ်နိုင်ငံမှာ လူဦးရေ ၆ သိန်းခွဲလောက်ပဲ ရှိပြီး တစ်ဝက်လောက်ကတော့ နိုင်ငံခြားသားတွေပါ။ ဥရောပသမဂ္ဂရဲ့ ကနဦးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်ပါတယ်။ တည်ငြိမ်၊ တိုးတက်တဲ့ စီးပွားရေးဈေးကွက် ဖော်ဆောင်နိုင်ခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးသလို နည်းပညာမြင့်မားပါတယ်။

အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေစင်တာဖြစ်ပြီး ယူရိုငွေကြေးအတွက် အဓိကအရေးပါဆုံး ပုဂ္ဂလိကဘဏ်စနစ်ရှိရာလည်း ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ သံမဏိထုတ်လုပ်ရေး၊ ဆက်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေကတော့ လူဇင်ဘတ်နိုင်ငံရဲ့အဓိက စီးပွားရေးလုပ်ငန်းတွေပါပဲ။

Ref: Country in the World with Highest Salaries in 2023

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top