အိပ်မပျော်လို့ ထီ ထိုးရာမှ ဒေါ်လာ ၁ သိန်းခွဲဆု ဆွတ်ခူးခဲ့သူ

Insomnia-leads-NC-woman-to-150000-lottery-prize.jpg

မြောက်ကာရိုလိုင်းနားပြည်နယ်မှ အမျိုးသမီးတစ်ဦးကတော့ အိပ်မပျော်လို့ အွန်လိုင်းထီထိုးရာမှ ဒေါ်လာ ၁၅၀,၀၀၀ ဆုကြီး ဆွတ်ခူးသွားခဲ့ပါတယ်။

မူးရ်ဗီးလ် (Mooresville) မြို့မှာ နေထိုင်တဲ့ ဆူးရောင်လေ (Sue Rowley) ဟာ ဇူလိုင် ၈ ရက် ညက ဘယ်လိုအိပ်အိပ် အိပ်မပျော် ဖြစ်နေတာကြောင့် ဖုန်းထုတ်ပြီး Digital Instant အွန်လိုင်းထီထိုးခဲ့တာပါ။

သူဟာ Tumbling Treasures ကို ဒေါ်လာ ၃၀ ဖိုး ထိုးရာမှ ဒေါ်လာ ၁၅၀,၀၀၀ ဆုကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ “ ကျွန်မ ကိုယ်တိုင်တောင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ပါတယ်”လို့ ရောင်လေက ဆိုပါတယ်။

ရောင်လေဟာ ရရှိလာတဲ့ ဆုကြေးငွေကို အိမ်ပြင်ဖို့ အသုံးပြုသွားမယ်လို့ ပြောပါတယ်။

Ref: Insomnia leads N.C. woman to $150,000 lottery prize

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top