ညီမဖြစ်သူရဲ့အမာရွတ်နဲ့ဆင်တူတဲ့တက်တူးကို တစ်ညီတစ်ညွတ်တည်းထိုးခဲ့ကြတဲ့ ညီအစ်မတစ်တွေ

27.2.2023-image-13.jpg

ဒေးဗစ်ဆန်တို့ညီအစ်မလေးဖော်က အမြဲလိုလို ပုံမှန်မဟုတ်တဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြပါတယ်။ သူတို့ထဲက တစ်ယောက်က ခွဲစိတ်ကုသမှုလုပ်ရတဲ့အတွက် အမာရွတ်ကြီးကြီးမားမားရှိနေခဲ့တာပါ။ ညီအစ်လေးဖော်ထဲမှာ အငယ်ဆုံးက အသက် ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသူလေးတွေဖြစ်တဲ့ အမြွှာ မီမီနဲ့ တက်စ်တို့ပါပဲ။ မီမီဟာ မွေးစကတည်းက လေဖြန်းတာကြောင့် ညာလက်သုံးမရဖြစ်ခဲ့ရပါတယ်။

အဲဒီအခြေအနေကို ပြောင်းလဲဖို့အတွက် ပြီးခဲ့တဲ့နှစ်က ဆရာဝန်တွေဟာ မီမီရဲ့လက်မောင်းနဲ့လက်က နဗ်ကြော ၇၀ ရာခိုင်နှုန်းကို ဖြတ်တောက်ပစ်ခဲ့တာကြောင့် မီမီမှာ အမာရွတ်များစွာ ကျန်ရစ်ခဲ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့ညီအမတွေအားလုံးက မီမီကို အဖော်မမဲ့စေဖို့ သူ့ရဲ့အမာရွတ်တွေနဲ့ဆင်တူတဲ့ တက်တူးကို တစ်ညီတစ်ညွှတ်တည်း ထိုးဖြစ်ခဲ့ကြပါတယ်။

အကြီးဆုံးအစ်မ အသက် ၂၃ နှစ်အရွယ် ကာမီလ်က သူ့ညီမ ခံစားနေရတာကို ကြည့်မနေနိုင်ခဲ့ပါဘူး။ မီမီ နာကျင်ရတဲ့အခါ သူ့ရဲ့ဝန်ကို ပေါ့ပါးသွားစေဖို့အတွက် ဘယ်လိုလုပ်ပေးရမလဲလို့ အမြဲတမ်းစဉ်းစားနေခဲ့တာပါ။ ဒါကြောင့် ကာမီလ်က မီမီရဲ့အမာရွတ်တွေနဲ့ဆင်တူတဲ့ တက်တူးတွေထိုးမယ်ဆိုတဲ့ အကြံဉာဏ်ရပြီး သူ့ရဲ့အခြားညီမတွေကို ပြောဖြစ်ခဲ့ပါတယ်။ သူတို့ညီအစ်မတွေက တက်တူးထိုးရတာကြိုက်တဲ့သူတွေမဟုတ်ပေမဲ့ သူ့ညီမအတွက် ထိုးဖြစ်ခဲ့ကြပါတယ်။

ကာမီလ်၊ ကလဲယာ၊ မီမီရဲ့အမြွှာ တက်စ်တို့က အရင်ဆုံး မီမီရဲ့လက်မောင်းတစ်လျှောက်မှာရှိနေတဲ့ အနီရောင်အမာရွတ်နဲ့ဆင်တူတက်တူးထိုးခဲ့ကြပါတယ်။ နောက်တော့ မီမီရဲ့အခြားအမာရွတ်နဲ့ဆင်တူတဲ့ ဒုတိယတက်တူးကို ထပ်ထိုးခဲ့ကြပါတယ်။ မီမီရဲ့အမြွှာ တက်စ်က သူ့ရဲ့ညီမဖြစ်သူ ဘယ်လိုတွေဖြတ်သန်းခဲ့ရလဲဆိုတာကို အခြားသူတွေထက် သူပိုသိတယ်။ အခုလိုတက်တူးထိုးပြီးတစ်သားတည်းဖြစ်တယ်ဆိုတဲ့လက္ခဏာကိုပြလိုက်တာက မီမီအတွက် များစွာအဓိပ္ပာယ်ရှိပြီး သူ့ခန္ဓာကိုယ်က အမာရွတ်တွေအပေါ်သူ့ရဲ့အမြင်ကိုလည်း ပြောင်းလဲစေမယ်ဆိုတာလည်းသိတယ်လို့ ဆိုပါတယ်။

ကလဲယာက ဒီတက်တူးတွေက ဘယ်လောက်အရေးပါလဲဆိုတာ တွေးမိလိုက်ရင် မျက်ရည်ကျရတုန်းပဲလို့ ဆိုပါတယ်။ မိခင်ဖြစ်သူဂျနီဖာကတော့ တက်တူးကြိုက်တဲ့သူမဟုတ်ပေမဲ့ သူ့ရဲ့သမီးတွေလုပ်ခဲ့တဲ့အရာကို နှစ်သက်မိပါတယ်တဲ့။ မီမီကလည်း သူ့ရဲ့လက်မောင်းကို ကြည့်လိုက်ပြီးတော့ သူ့ရဲ့အစ်မတွေရဲ့လက်မောင်းကို ကြည့်တဲ့အခါ သူ့လိုမျိုးအမာရွတ်တွေ သူတို့မှာလည်းရှိနေတာကို မြင်ရတာ အရမ်းအံ့အားသင့်ရတယ်လို့ ဆိုပါတယ်။

Ref: ‘It’s Unity’: Sisters Get Matching Tattoos of Sibling’s Scar in Solidarity

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top