မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားပေမဲ့ ထိုင်းမူးယစ်ရာဇာကို ရဲတပ်ဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့

27.2.2023-image-11.jpg

ထိုင်းနိုင်ငံက မူးယစ်ရာဇာတစ်ယောက်ဟာ သူ့ကို ရဲတွေ မမှတ်မိအောင် မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့ပေမဲ့ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ ဆာရာဟတ်ဟာ ဥရောပကနေ ထိုင်းနိုင်ငံထံ MDMA (Ecstasy ဆေးပြား)တွေ တင်ပို့ခဲ့သူလို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
သူဟာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ အကြိမ်ကြိမ်လုပ်ပြီး ဂျီမင်ချောင်ဆိုတဲ့ ကိုရီးယားနာမည် ပြောင်းကာ ရဲတွေကို လှည့်စားဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ပေးမယ့်သူအဖြစ် အသွင်ယူပြီး သူ့ကို ခြေရာခံ ရှာဖွေခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်မှာတော့ ဘန်ကောက်မြို့ရဲ့ လူကုံထံတွေနေထိုင်တဲ့ ဘန်နားခရိုင်က ကွန်ဒိုတိုက်ခန်းမှာ ဆာရာဟတ်ကို ဖမ်းမိခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေက သူ့တိုက်ခန်းကို ဝင်စီးပြီး ဆာရာဟတ်ကို တွေ့ချိန်မှာ မမှတ်မိလောက်အောင် ပြောင်းလဲသွားလို့ အံ့အားသင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Ref: Thai drug lord underwent surgeries to become ‘handsome Korean man’ — but still gets nabbed

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top