ဝီကီလိခ်ဝက်ဘ်ဆိုက်တည်ထောင်သူကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

56976920_2324918570872383_6917484192477478912_n.jpg

ထိလွယ်ရှလွယ်တဲ့ သတင်းအချက်အလက်တွေနဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို ဖွင့်ချခဲ့လို့ အမေရိကန်နိုင်ငံက အလိုရှိနေသူပါ။ သြစတြေးလျနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဂျူလီယန်အဆန်းဟာ ၂၀၀၆ ခုနှစ်က ဝီကီလိခ် (WikiLeaks) ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့ပြီး အီရတ်နိုင်ငံမှာ ရဟတ်ယာဉ်တစ်စင်းပေါ်ကနေ စစ်သည်တွေက အရပ်သားတွေကို ပစ်သတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဖွင့်ချခဲ့သူပါ။

ဝီကီလိခ် (WikiLeaks)တည်ထောင်သူ ဂျူလီယန်အဆန်းဟာ သူခိုလှုံနေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ အီကွေဒေါသံရုံးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက ထုတ်ပြန်ထားတဲ့ ဖမ်းဆီးမိန့်အရ ဂျူလီယန်အဆန်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အီကွေဒေါအစိုးရက ဂျူလီယန်အဆန်းရဲ့ နိုင်ငံရေးခိုလှုံခွင့်ကို ရုပ်သိမ်းခဲ့ပြီးနောက်မှာ အီကွေဒေါသံရုံးရဲ့ သံအမတ်ကြီးက လန်ဒန်မြို့ ရဲတပ်ဖွဲ့ကို အီကွေဒေါသံရုံးထံ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လန်ဒန်မြို့က အီကွေဒေါသံရုံးအတွင်း (၇) နှစ်ကြာ ခိုလှုံခဲ့တဲ့ ဂျူလီယန်အဆန်းကို လန်ဒန်မြို့ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့တာပါ။ သူ့ကို လန်ဒန်မြို့အလယ်ပိုင်း ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဝက်စ်မင်စတာ ရာဇဝတ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top