အီတလီနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ ၄၀၀ အထိ ရှိလာ

yyl-007-11.jpg

အီတလီနိုင်ငံမှာ Covid-19(ကိုရိုနာဗိုင်းရပ်စ်သစ်) ကူးစက်ခံရသူ ၄၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုအများဆုံးဖြစ်ပွားနေတဲ့ အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဥရောပနိုင်ငံ တော်တော်များများမှာ တွေ့ရှိရတဲ့ Covid-19 ကူးစက်ခံရမှုကလည်း အီတလီနိုင်ငံနဲ့ ဆက်နွှယ်နေပါတယ်။ တရုတ်နိုင်ငံမှာ အစပြုခဲ့တဲ့ Covid-19 ဟာ တရုတ်နိုင်ငံ ပြင်ပမှာ ကူးစက်ပျံ့နှံ့မှု ပိုမြန်လာတယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ WHO က ပထမဆုံးအကြိမ် ပြောခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၄၀ မှာ Covid-19 ကူးစက်ခံရသူ ၈၀၀၀၀ ကျော် ရှိနေပါတယ်။ ကူးစက်ခံရသူအများစုကတော့ တရုတ်နိုင်ငံမှာ နေထိုင်သူတွေပါ။

Covid-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူ ၂၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အီတလီနိုင်ငံမှာ Covid-19 ကြောင့် သေဆုံးသူ ၁၂ ယောက် ရှိနေပါပြီ။ အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့နားမှာရှိတဲ့ လွန်ဘာဒီဒေသနဲ့ ဗင်းနစ်မြို့နားမှာရှိတဲ့ ဗီနီတိုဒေသတွေမှာတော့ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးဖြစ်ပွားနေပါတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ရုပ်ရှင်ရုံတွေကို ပိတ်ထားရပြီး အများပြည်သူဆိုင်ရာ အခမ်းအနားတွေကို ဖျက်သိမ်းခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ရာ ဗဟိုချက်ဖြစ်ပြီး လူ ၅၅၀၀၀ လောက်နေထိုင်တဲ့ မြို့ ၁၁ မြို့ကို သီးသန့်ခွဲခြားကန့်သတ်ထားပါတယ်။ အစဉ်အလာအရ ညအချိန်တွေမှာ စည်ကားလေ့ရှိတဲ့ မီလန်မြို့လည်း Covid-19 ကူးစက်ပျံ့နှံ့မှုကြောင့် လူသူကင်းမဲ့ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top