အမ်မီနမ် သက်ရှိထင်ရှားရှိနေပေမယ့် #RIPEminem Hashtag တွေ တွစ်တာမှာထွက်ပေါ်လာခဲ့

20-8-2020-yyl-006.jpg

လူမှုကွန်ယက်အကောင့်မှာ နာမည်ကြီးအဆိုတော်တစ်ယောက်သေဆုံးပြီဆိုတဲ့ စာသားမျိုးတွေ့ရင် ဘယ်ပရိသတ်မျိုးမဆို ဆုံးရှုံးလိုက်ရတော့မယ်အသိနဲ့ ကြောက်မိကြမယ်ထင်ပါတယ်။ #RIPEminemဆိုတဲ့ Hashtag က တွစ်တာမှာ ထွက်ပေါ်လာခဲ့တဲ့အတွက် အင်္ဂါနေ့ညက အမ်မီနမ်ရဲ့ပရိသတ်တွေ စိတ်မအေးနိုင် ဖြစ်ခဲ့ကြရပါတယ်။ အမ်မီနမ်က သက်ရှိထင်ရှားရှိနေပေမယ့် တွစ်တာမှာ အဲဒီHashtag တွေနေရာယူထားတာကြောင့် အမ်မီနမ် သေများသေသွားပြီလားဆိုပြီး လူမှုကွန်ယက်အသုံးပြုသူတွေ စိုးရိမ်ပူပန်ခဲ့ကြရပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့မှာ အမ်မီနမ် သေဆုံးသွားပြီလို့ ပရိသတ်တချို့က ယုံကြည်ရင်းနဲ့ အဲဒီHashtag က အမေရိကန်မှာ အရမ်းခေတ်စားသွားခဲ့ပါတယ်။ ဒါပေမဲ့ တွစ်တာအသုံးပြုသူတစ်ယောက်က ငါတော့ Hashtag နဲ့တင် အမ်မီနမ်ကို သတ်လိုက်မိပြီလို့လည်းရေးသားခဲ့ပါတယ်။ အမ်မီနမ်သေဆုံးတဲ့သတင်းက အမှားကြီးဖြစ်ပြီး အသက်ရှင်နေသေးပေမယ့် သေဆုံးတဲ့သတင်းနဲ့ပတ်သက်ပြီး ခိုင်မာတဲ့သက်သေပြချက်မရှိဘဲနဲ့ တွစ်တာမှာ အဲဒီHashtag မျှဝေနေကြတဲ့လူတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။ “#RIPEminemက ခေတ်စားနေတဲ့အတွက် အမ်မီနမ်များ သေသွားပြီလာလို့ ကျွန်တော်စိုးရိမ်ခဲ့ရပါတယ်”လို့ တွစ်တာအသုံးပြုသူတစ်ယောက်က ပြောပါတယ်။ “ဘာလို့ #RIPEminem Hashtag က ခေတ်စားနေရတာလဲ။ သူ အသက်ရှင်သေးတယ်။ ဒီလိုတွေလုပ်နေတာ ရပ်တန့်လိုက်ပါ။ ၂၀၂၀ခုနှစ်က တစ်ချိန်လုံး အဆိုးရွားဆုံးနှစ်ဖြစ်နေမယ်”လို့ နောက်ထပ်အသုံးပြုသူ တစ်ယောက်က ပြောပါတယ်။

အဲဒီHashtag က တွစ်တာမှာ ခေတ်စားသွားပြီးတဲ့နောက်မှာ meme အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အင်တာနက်မှာ တစ်ခုခုခေတ်စားလိုက်တာနဲ့ Memeလုပ်ပစ်လိုက်တယ်ဆိုတာ လူတိုင်းအသိပါ။ #RIPEminem Hashtag ဘာလို့ အခုလိုခေတ်စားသွားခဲ့ရလဲဆိုတာတော့ စဉ်းစားစရာပါပဲ။ အသက် (၄၇) နှစ်အရွယ် အမ်မီနမ်က ရက်စ်ဂီတလောကမှာ ဆယ်စုနှစ် (၂) စုလုံးမှာ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပြီး အောင်မြင်မှု အသီးအပွင့်တွေ ဆွတ်ခူးနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ အခုနှစ်ဇန်နဝါရီမှာ ထွက်ရှိခဲ့တဲ့ Music To Be Murdered By အယ်လ်ဘမ်ကလည်း အောင်မြင်ခဲ့ပါတယ်။

Ref: Ladbible “Eminem Is Alive Despite #RIPEminem Trending On Twitter”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top