၂၀၂၀ နှစ်ကုန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အသင့်ဖြစ်မယ်လို့ WHO အကြီးအကဲ ဆို

7-10-2020-yyl-001.jpg

အခုနှစ်ကုန်ရင် ကိုဗစ်-၁၉ ကာကွယ်ဆေး အဆင်သင့်ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အကြီးအကဲက ပြောပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးရရင် အညီအမျှ ခွဲဝေ၊ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ စည်းလုံးညီညွတ်ကြဖို့၊ နိုင်ငံရေးကတိကဝတ်ပြုကြဖို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က WHO အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ ကျန်းမာရေးစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ AstraZeneca ဆေးဝါးကုမ္ပဏီရဲ့ AZN.L ကာကွယ်ဆေးကို သုံးသပ်ခဲ့သလို ပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း အမေရိကန်ဆေးကုမ္ပဏီ Pfizer ရဲ့ PFE.N ဆေးဝါးနဲ့ ဂျာမနီဆေးကုမ္ပဏီ BioNTech ရဲ့ 22UAy.F ဆေးဝါးကို အချိန်နဲ့တပြေးညီ သုံးသပ်နေတယ်လို့ ကြေညာခဲ့ပါတယ်။ ဥရောပဆေးဝါးအေဂျင်စီ(EMA)ရဲ့ ကြေညာချက်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ အောင်မြင်တဲ့ ဆေးဝါးကို ထိုးနှံ့ခွင့်ပြုပေးမယ့် လုပ်ငန်းစဉ်ကို အချိန်မြန်ဆန်စေလာဖွယ် ရှိပါတယ်။

လက်ရှိအချိန်မှာတော့ စမ်းသပ်ဆဲ ကာကွယ်ဆေး ၉ မျိုးဟာ WHO ဦးဆောင်တဲ့ COVAX ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့အစည်းလက်အောက်မှာ ရှိနေပါတယ်။ COVAX ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့အစည်းကတော့ ၂၀၂၁ ခုနှစ်အကုန်မှာ ဆေးအဖုံ ၂ ဘီလျံအထိ ဖြန့်ဖြူးပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီအဖွဲ့အစည်းမှာ နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ပါဝင်ပေမဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ မပါဝင်ပါဘူး။

Ref: Reuters ” COVID-19 vaccine may be ready by year-end – WHO’s Tedros”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply