ချစ်သူသက်တမ်း ၇ နှစ်အကြာမှာ စေ့စပ်လိုက်တဲ့ ထိုင်းမင်းသမီးချော Mai Davika

ddd2.jpg

Pee Mak မင်းသမီးအဖြစ် လူသိများပြီး မြန်မာပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိထားတဲ့ နာမည်ကြီးထိုင်းမင်းသမီးချော Mai Davika ဟာ သူ့ချစ်သူကောင်လေး မင်းသား Ter Chantavit နဲ့ စေ့စပ်လိုက်ပါပြီ။ ဇွန်လ ၁၁ ရက်နေ့မှာ စေ့စပ်လိုက်ပြီဆိုတာကို လူမှုကွန်ယက်ကနေတဆင့် ကြေညာခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာ စတွဲခဲ့တဲ့ သူတို့စုံတွဲက ချစ်သူသက်တမ်း ၇ နှစ်အကြာမှာ အခုလိုစေ့စပ်လိုက်တာပါ။ နောက်ဆုံးတော့ သူတို့နှစ်ဦး ရွှေလက်တွဲကြတော့မှာဖြစ်ပါတယ်။


Mai က စိန်ပွင့်အကြီးကြီးနဲ့ ဆွဲဆောင်မှုရှိတဲ့ စေ့စပ်လက်စွပ်ကို လူမှုကွန်ယက်ပေါ်မှာ ထုတ်ပြခဲ့ပါတယ်။ စေ့စပ်လိုက်ပြီဆိုတဲ့ အကြောင်းအရာက လူစိတ်ဝင်စားမှုများသွားခဲ့ပြီး ပရိသတ်တွေကြားပြောစမှတ်ပြုခဲ့ပါတယ်။ သူတို့စုံတွဲကို ဂုဏ်ပြုစကားပြောဆိုကြတဲ့သူတွေများခဲ့ပါတယ်။


Mai တို့တွဲလာခဲ့တဲ့ အချိန်အတွင်းမှာ လက်ထပ်ဖို့ မျှော်လင့်နေတယ်ဆိုတာကို Maiက မကြာခဏထုတ်ပြလေ့ရှိပေမဲ့ Terက ဘယ်တော့ လက်ထပ်ခွင့်တောင်းမယ်ဆိုတာကိုတော့ မသိခဲ့ရပါဘူး။ အခုတော့ Mai ရဲ့မျှော်လင့်ချက်နဲ့ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေ ပြည့်ဝသွားခဲ့ပါပြီ။

Ref: Thai Actress Mai Davika Announces Engagement to Longtime Boyfriend Ter

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top