နျူကလီးယားစမ်းသပ်မှုကို ဖျက်သိမ်းတဲ့ အထိမ်းအမှတ် အခမ်းအနားတစ်ခု ကျင်းပသွားဖို့ရှိကြောင်း မြောက်ကိုရီးယား ကြေညာ

1efd81300af148c584fe8b301d62fc1a_18.jpg

လာမယ့် မေလ ၂၃ ရက်ကနေ ၂၅ အတွင်းမှာ ပြုလုပ်မယ့် နျူစီမံကိန်းတွေ ဖျက်သိမ်းမှု အထိမ်းအမှတ်အနေနဲ့ အခမ်းအနားတစ်ခု ကျင်းပသွားမှာ ဖြစ်တယ် လို့ မြောက်ကိုရီးယားက ကြေညာလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဟာလည်း ဂျွန်လထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်နဲ့ တွေ့မယ့် အစီအစဉ် ရှိနေပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တိုင်းပြည်ရဲ့ အရှေ့မြောက်ပိုင်းမှာရှိနေတဲ့ နျူစမ်းသပ်နယ်မြေတွေက ဥမင်လိုဏ်ခေါင်းတွေအားလုံးကို ဖောက်ခွဲဖျက်ဆီးမှာ ဖြစ်ပြီး စူးစမ်းရှာဖွေရေးနဲ့ သုတေသနစခန်းတွေ၊ အခြေစိုက်စခန်းတွေကိုလည်း ဖယ်ရှားပစ်မှာ ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကို စောင့်ကြည့်လေ့လာဖို့အတွက် အမေရိကန်၊ တောင်ကိုရီးယား၊ တရုတ်၊ ရုရှားနဲ့ ဗြိတိန်က စာနယ်ဇင်းတွေအားလုံးကို ဖိတ်ကြားထားကြောင်းကိုလည်း မြောက်ကိုရီးယားဘက်က ပြောကြားခဲ့ပါတယ်။

အခုလို နျူကလီးယား စမ်းသပ်မှုတွေအားလုံး ဖျက်သိမ်းပစ်မယ့် ကိစ္စကို ကင်မ်က တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နဲ့ ပြီးခဲ့တဲ့ ဧပရယ်လတုန်းက တွေ့ဆုံစဉ်မှာ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Ref: Daily Mail “North Korea announces it will hold a ‘ceremony’ for the dismantling of its nuclear test site

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top