သမ္မတရုံးဝန်ထမ်း (၉)ဦးမှာ ကိုဗစ်ပိုးတွေ့ရှိပေမဲ့ အကြီးအကဲတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ဦးဇော်ဌေးပြော

image.png

သမ္မတရုံး ဝန်ထမ်း(၉)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပေမယ့် ပိုးတွေ့ဝန်ထမ်းတွေက နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရသူတွေ မဟုတ်တာကြောင့် အကြီးအကဲတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ သမ္မတရုံးဝန်ထမ်းတွေမှာ ပိုးတွေ့ရှိမှု အခြေအနေနဲ့ ပတ်သက်ပြီး အိမ်တော်သတင်းထောက်များ ဂရုကနေတစ်ဆင့် ပြန်လည် ဖြေကြားခဲ့တာပါ။

ဝန်ထမ်းလူပျိုဆောင်တစ်ခုမှာ နေထိုင်တဲ့ လွှတ်တော် ဝန်ထမ်း (၃)ဦးမှာ ကိုဗစ် ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ဆက်လက်စစ်ဆေးရာမှာ အဆောင်နေသမ္မတရုံးဝန်ထမ်း (၉)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ပထမဆုံး လွှတ်တော်ရုံးဝန်ထမ်း(၃)ဦးမှာ စတင်တွေ့ရှိရာက သူတို့နေတဲ့အဆောင်ကို Lockdown ချထားခဲ့တာပါ။ ဒီအချိန်မှာ အဲ့အဆောင်မှာ နေတဲ့ ရုံးအမှတ်(၁၈)က သမ္မတရုံးဝန်ထမ်းတစ်ဦး အနံ့ပျောက်တယ်ဆိုတဲ့အတွက် စစ်ဆေးရာမှာ ဆက်ပြီး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထပ်မံတွေ့ရှိလာရတဲ့အတွက် Lockdown ချထားတဲ့ဝန်ထမ်းတွေကို တစ်ဆောင်လုံး ဆက်ပြီး စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာ ဒီအဆောင်မှာ နေတဲ့ သမ္မတရုံ ဝန်ထမ်းး (၈)ဦးမှာ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဝန်ထမ်းတွေဟာလည်း လူကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရသူတွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် အကြီးအကဲတွေအတွက် စိုးရိမ်စရာ မရှိဘူး ” လို့ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။

ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်ထိစပ်မှု ရှိတဲ့သူတွေကိုဆက်လက် စစ်ဆေးနေပြီး ဝန်ကြီးရုံးအပါအဝင် စုစုပေါင်း (၈၀) ဦးအထိ ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့ ဝန်ထမ်းအဆောင်ကိုလည်း ပိုးတွေ့လူနာ စတင်တွေ့ရှိကတည်းက Lockdown ချထားပြီး ထိတွေ့မှု ရှိခဲ့သူတွေအားလုံးကို စစ်ဆေးနေတာလို့ ပြောပါတယ်။
နေပြည်တော် ကောင်စီရဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ည (၈)နာရီအထိ ထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောဂါပိုးတွေ့ရှိသူ (၆၇၇)ဦးရှိပြီဖြစ်ပါတယ်။ ဒီထဲက ဆေးရုံဆင်းခွင့်ရရှိသူ (၅၂၂)ဦးရှိပြီဖြစ်ပြီး သေဆုံးသူ (၆)ဦးရှိပြီဖြစ်ပါတယ်။

ရဲကိုဦး ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top