တိုက်ပွဲတွေကြောင့် ကယားပြည်နယ်၊ နန်းဖီးဒေသက ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရ

331253-kayar-1-730x365-2.jpg

ရန်ကုန်၊ သြဂုတ် (၂၀)

တပ်မတော်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ကယားပြည်နယ်၊ နန်းဖီဒေသက ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

“တပ်မတော်နဲ့ ဒေသခံတပ်တွေ အပြန်အလှန်တိုက်ပွဲဖြစ်နေပါ။ နန်းဖီဒေသ လူဦးရေ (၄,၀၀၀) ဝန်းကျင်က အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်။” လို့ UNHCR က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် လူဦးရေ (၁၅၄,၈၀၀) က နိုင်ငံအတွင်းမှာ အိုးအိမ်စွန်ခွာထွက်ပြေးနေရပြီး အဲ့ဒီထဲမှာ ကယားပြည်နယ်က လူဦးရေ (၈၆,၀၀၀)၊ ရှမ်းပြည်နယ်က လူဦးရေ (၂၀,၃၀၀) နဲ့ မွန်ပြည်နယ်က လူဦးရေ (၁,၁၀၀) ပါဝင်နေပါတယ်။

“လူထုအသိုင်းအဝိုင်းအတွင်းနဲ့ စစ်ရှောင်စခန်းတွေမှာ ပဋိပက္ခဒဏ်ကို ခံစားနေကြရတဲ့အပြင် အကူအညီလိုအပ်ချက်တွေလည်းရှိနေပါတယ်။ အဲ့ဒီနေရာတွေမှာ COVID-19 ဖြစ်ပွားမှုနဲ့ လူသားချင်းစာနာမှုအခြေအနေဟာ ပိုမိုဆိုးရွားလာပါတယ်။” လို့ United Nations OCHA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား၊ တပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top