ကလေးငယ် တစ်ဘီလီယံနီးပါးက ရာသီဥတုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အထိတ်တလန့်ဖြစ်စဉ်တွေ ကြုံတွေ့နေရ

238274488_4424819594252198_5410835287510614_n.jpg

ရန်ကုန်၊ သြဂုတ် (၂၃)

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးငယ် တစ်ဘီလီယံနီးပါးက ရာသီဥတုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အထိတ်တလန့်ဖြစ်စဉ်တွေ၊ စိုးရိမ်ကြောင့်ကြရခြင်းတွေကို အလွန်ပြင်းထန်စွာကြုံတွေ့နေရတယ်လို့ Unicef က ထုတ်ပြန်လိုက်ပါတယ်။

ကလေးငယ်အများစုက ရေ၊ သန့်ရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ၊ ပညာရေးစတဲ့ အလွန်အရေးကြီးတဲ့ ပံ့ပိုးကူညီမှုနဲ့ ဝန်ဆောင်မှုတွေမှာ အကန့်အသတ်ဖြစ်နေတဲ့အတွက် လွန်စွာထိခိုက်လွယ် အားနည်းနေပါတယ်။

“Covid-19 ရောဂါရဲ့ အန္တရာယ်အပြင် ရာသီဥတုပြောင်းလဲမှုနဲ့ ပဋိပက္ခတွေက အားနည်းထိခိုက်လွယ်တဲ့ကလေးတွေကို ချောက်ကမ်းပါးစွန်းဆီ တွန်းပို့နေတယ်” Unicef ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့ပြင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးငယ် (၁) သန်းနီးပါးက ပုံမှန်ကာကွယ်ဆေးတွေ မရရှိနိုင်တဲ့အပြင် ကလေးငယ် (၅) သန်းနီးပါးကလည်း ဗီတာမင်(အေ) ဖြည့်စွတ်ဆေးတွေ လက်လွတ်ဆုံးရှုံးနေပါတယ်။

မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ ရာသီဥတုပြောင်းလဲမှု ဒဏ်ခံရနိုင်ခြေအလွန်မြင့်မားနေသလို လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ Covid-19 ရောဂါနဲ့ ရာသီဥတုဆိုင်ရာအကြပ်အတည်းတွေဟာ ကလေးတွေအတွက် ပိုလို့ပင်စိုးရိမ်စရာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကလေးငယ်တွေ နေထိုင်ဖို့အတွက် ပိုလို့ပင် အန္တရာယ်ကြီးမားတဲ့ နေရာတစ်ခုဖြစ်မလာစေဖို့အတွက် ရာသီဥတုဆိုင်ရာ အကြပ်အတည်းတွေကို ဖြေရှင်းဖို့လိုအပ်တယ်လို့ Unicef က အကြံပြုထားပါသေးတယ်။

Photo- ယူနီဆက်
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top