ဗြိတိန်နိုင်ငံက Pfizer ကိုဗစ်ကာကွယ်ဆေးကို တရားဝင် ထိုးနှံခွင့်ပြုလိုက်ပြီ

2-12-2020-yyl-031.jpg

ဗြိတိန်နိုင်ငံက Pfizer ကိုဗစ်ကာကွယ်ဆေးကို တရားဝင် ထိုးနှံခွင့် ပြုလိုက်ပါပြီ။ Pfizer နဲ့ BioNTech ဇီဝနည်းပညာကုမ္ပဏီတွေ ပူးပေါင်းဖော်စပ်ခဲ့တဲ့ ကာကွယ်ဆေးဟာ ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ လာမယ့်တစ်ပတ်ကစပြီး Pfizer ကာကွယ်ဆေးကို ထိုးနှံခွင့်ပေးလိုက်ပြီလို့ ဗြိတိန်နိုင်ငံ ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှု ထုတ်ကုန်ပစ္စည်းများဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအေဂျင်စီ (MHRA) က ပြောပါတယ်။

သက်ကြီးရွယ်အိုတွေ၊ ထိလွယ်ရှလွယ်တဲ့ လူနာတွေလို အရေးတကြီးလိုအပ်နေသူတွေအတွက် လာမယ့်ရက်ပိုင်းအတွင်း ကာကွယ်ဆေး ထိုးနှံပေးသွားဖွယ် ရှိနေပါတယ်။ ဗြိတိန်နိုင်ငံက Pfizer ကာကွယ်ဆေး အဖုံ သန်း ၄၀ ဝယ်ယူထားပြီး ( ၂ ကြိမ်ထိုးရတဲ့အတွက်) လူသန်း ၂၀ ကို ကာကွယ်ဆေး ထိုးပေးနိုင်မှာပါ။ လာမယ့်ရက်ပိုင်းအတွင်း ဗြိတိန်နိုင်ငံကို ကာကွယ်ဆေး အဖုံ ၈ သိန်း ရောက်ရှိလာမှာဖြစ်သလို အချိန်တိုအတွင်း ကာကွယ်ဆေး အဖုံ ၁၀ သန်း ပို့ဆောင်နိုင်ဖွယ် ရှိပါတယ်။

ဗြိတိန်နိုင်ငံမှာ ဆေးရုံ ၅၀ နီးပါး အသင့်ပြင်ဆင်ထားပြီး ကာကွယ်ဆေးထိုးနှံရေးစင်တာတွေ တည်ထောင်လျက်ရှိပါတယ်။ ကာကွယ်ဆေး စတင်ထိုးနှံနိုင်ပြီဆိုပေမဲ့ လူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးဖို့ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်နေဆဲပဲလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

Ref: BBC ” Covid Pfizer vaccine approved for use next week in UK”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top