နှစ် ၄၀၀ ကျော် အသက်ရှင်နိုင်တဲ့ ဂရင်းလန်းငါးမန်း

newimagesize-2026-05-16T214405.937.png

ဂရင်းလန်းငါးမန်း (Greenland Shark) တွေဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ကျောရိုးရှိသတ္တဝါတွေ ဖြစ်ပြီး နှစ်ပေါင်း ၄၀၀ ကျော် ရှင်သန်နိုင်စွမ်း ရှိပါတယ်။

အင်မတန် အေးစိမ့်တဲ့ အာတိတ်နဲ့ မြောက်အတ္တလန္တိတ် သမုဒ္ဒရာရေနက်ပိုင်းမှာ ရှင်သန်ကြပြီး ကြီးထွားနှုန်း အလွန်နှေးကွေးပါတယ်။ ဂရင်းလန်းငါးမန်းတွေဟာ တစ်နှစ်ကို စင်တီမီတာအနည်းငယ်သာ ကြီးထွားပြီး အသက် ၁၅၀ ဝန်းကျင် ရောက်မှသာ မျိုးပွားနိုင်တဲ့အရွယ် ရောက်ကြတာပါ။

အလွန်အေးတဲ့ ရေအောက်ထဲမှာ နေထိုင်ရတာကြောင့် စွမ်းအင်ချွေတာဖို့အတွက် ခန္ဓာကိုယ်တွင်း တုံ့ပြန်မှု အလွန်နှေးကွေးပြီး တစ်မိနစ်ကို ၅ ကြိမ်ခန့်သာ နှလုံး ခုန်ပါတယ်။ ဂရင်းလန်းငါးမန်း အများစုရဲ့ မျက်လုံးတွေမှာ ကပ်ပါးကောင်တစ်မျိုး တွယ်ကပ်နေတတ်လို့ မျက်စိမှုန်တာ၊ မျက်စိကွယ်တာ စတဲ့ အခြေအနေရှိပေမဲ့ အနံ့ခံအာရုံနဲ့ ရေလှိုင်းတုန်ခါမှု ဖမ်းယူနိုင်စွမ်း အလွန်ကောင်းမွန်ကြတာကြောင့် သားကောင်ကို ဖမ်းယူစားသောက်နိုင်စွမ်း ရှိတာဖြစ်ပါတယ်။

အအေးဒဏ်ခံနိုင်ဖို့ သဘာဝအန်တီဖရီးဇ် (Antifreeze) ဓာတ်ပေါင်းတွေ ပါဝင်နေတာကြောင့် ဂရင်းလန်းငါးမန်းတွေရဲ့အသားကို အစိမ်းစားမိရင် အဆိပ်ဖြစ်စေနိုင်ပါတယ်။ (အိုက်စလန်နိုင်ငံမှာတော့ ဂရင်းလန်းငါးမန်းတွေရဲ့အသားကို အချဉ်ဖောက်ပြီး “Hákarl” အမည်ရှိ ရိုးရာအစားအစာအဖြစ် စားသုံးကြပါတယ်)

Ref: Greenland sharks can live for more than 400 years

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top