ကြေးမုံပြင် ၁၀၀၀၀ ကျော် တပ်ဆင်ထားတဲ့ ဆိုလာစွမ်းအင်စက်ရုံ

solar.jpg

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်မှာရှိတဲ့ ဆိုလာစွမ်းအင်စီမံကိန်းကတော့ ဆိုလာစွမ်းအင်နဲ့ပတ်သက်ပြီး ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်လို့တောင် တင်စားခံထားရပါတယ်။ Crescent Dunes Solar Energy စီမံကိန်းဟာ နေရဲ့အပူစွမ်းအင်ကို လက်ခံရယူပြီး molten salt  ကို ၁၀၀၀ ဒီဂရီဖာရင်ဟိုက်အထိ အပူပေးကာ အရည်ပျော်စေဖို့အတွက်  ကြေးမုံပြင် ၁၀၃၄၇ တပ်ဆင်ထားတာပါ။

အလေးချိန် ပေါင်သန်း ၇၀ ရှိတဲ့ Molten salt တွေကို အရည်ပျော်စေဖို့အတွက် ၂ လတာ အချိန်ယူရပြီး အရည်ပျော်သွားတဲ့ ဆားရည်တွေဟာ အလည်ဗဟိုမှာ တည်ရှိနေတဲ့ တာဝါကို လှည့်ပတ်စီးဆင်း အပူပေးပြီး စွမ်းအင်သိုလှောင်ကန်ဆီ စွမ်းအင်တွေ ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

Ref: Crescent Dunes Solar Energy Project

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top