ချဲလ်ဆီး နည်းပြ ကွန်တီ ပေါင် ၈၀၀၀ ဒဏ်ရိုက်ခံရ

99086355_conte.jpg

ချဲလ်ဆီးနည်းပြကွန်တီဟာ ဆွမ်းဆီးကို အနိုင်ရသည့်ပွဲစဉ်တွင် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က နည်းပြကွန်တီကို ဒဏ်ငွေ ပေါင် ၈ ထောင် ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

နည်းပြကွန်တီသည် ပြီးခဲ့သည့်လက ဆွမ်းဆီးအပေါ် အနိုင်ရသည့် ပရီးမီးယားလိဂ် ပွဲပထမပိုင်းအတွင်း ထောင်ကန်ဘော မပေးသည့် ဒိုင်လူကြီး နေးလ်ဆွာဘရစ် (Neil Swarbrick) နှင့် အငြင်းပွားမှုများဖြစ်ခဲ့သောကြောင့် ထုတ်ပယ်ခံရပြီးနောက်ယခုကဲ့သို့ ဒဏ်ရိုက်ခံရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပွဲမှာ ချဲလ်ဆီးအသင်းက ဆွမ်းဆီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ရာ နည်းပြကွန်တီမှာ ပွဲပြီးချိန်တွင် အမှားတွေလုပ်ခဲ့ကြောင်းဝန်ခံခဲ့ပြီး ဒိုင်လူကြီး နေးလ်ဆွာဘရစ်ကို ပြန်တောင်းပန်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ ချဲလ်ဆီးအသင်းသည် လက်ရှိအချိန်တွင် ပရီးမီယားလိဂ်ပြိုင်ပွဲအမှတ်ပေး ဇယားမှာထိပ်ဆုံးရှိ မန်စီးတီးအသင်း နှင့် ၁၁ မှတ်ကွာ အဆင့် ၃ နေရာကိုရောက်ရှိနေခဲ့ကြောင်းသိရသည်။

ZMO (ရိုးရာလေး)

Ref : BBC Sports : Antonio Conte fined by Football Association for sending-off

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top