မာလကာသီးအစေ့ရဲ့ ဆေးဖက်ဝင်အာနိသင်များ

fresh-guava-cut-pieces-on-white-background-PBGNMGF.jpg

Fresh guava cut pieces isolated on white background.

မာလကာသီးဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိတဲ့အပြင် niacin၊ ဗီတာမင် C ၊ ဗီတာမင် A ၊သံဓာတ် ၊ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ thiamine တို့ပါဝင်ပါတယ်။ မာလကာသီး က လေပွခြင်းကိုသက်သာစေပြီး အစာကြေလွယ်စေ၊ အရောင်ကျစေတဲ့ အပြင် ပဋိဇီဝပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။

မာလကာသီးက ဝက်ခြံပျောက်စေ၊လိပ်ခေါင်းပျောက်စေ၊ ဆီးချိုဖြစ်နိုင်ခြေလျော့နည်းစေ၊ သန္ဓေရရှိနိုင်ခြေများစေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက်ခြင်းတို့လို အစာချေဖျက်မှုဆိုင်ရာ ပြဿနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ မာလကာသီးရဲ့အခွံနဲ့အစေ့မှာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ပဋိဇီဝပိုးမွှားတွေ သေစေနိုင်စွမ်းရှိတဲ့ glycosides ၊carotenoids၊ နဲ့တခြား phenolic နဲ့ flavonoid ဒြပ်ပေါင်းတွေပါဝင်ပါတယ်။

ဒါ့အပြင် ဗိုက်ပြည့်စေတဲ့ အသီးဖြစ်လို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးပါတယ်။ အသီးထဲမှာ အစေ့သေးသေးလေးတွေ အများကြီးပါပေမယ့် အစာချေဖျက်နိုင်မှာ မဟုတ်တာကြောင့် စားလို့မရဘဲ စွန့်ပစ်နေရပါတယ်။ မာလကာစေ့ကို ဒီအတိုင်းတော့ အသီးနဲ့အတူ ရောစားလို့မရပါဘူး။ အူအတက်ပေါက်မှာ စိုးရိမ်ရတာကြောင့် မစားရဲရင် ဖျော်ရည်မှာလိုမျိုး အသီးနဲ့အစေ့ကို ရောကြိတ်ပြီးစားနိုင်ပါတယ်။

မာလကာသီးအစေ့ကနေ ရရှိနိုင်မယ့် ဆေးဖက်ဝင်အာနိသင်တချို့ကတော့

(၁) သွေးတိုးကိုကျစေနိုင်

မာလကာမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သွေးဖိအားကို ကျစေတဲ့ ကျန်းမာရေးအကျိုးကျေးဇူးရှိပါတယ်။ ဒီဓာတ်ပစ္စည်းနှစ်မျိုးလုံးကို မာလကာသီး အသားမှာရော၊ အစေ့မှာပါ တွေ့ရနိုင်ပါတယ်။ မာလကာသီးမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ ငှက်ပျောသီးမှာထက် ပိုတက်ဆီယမ် ၆၀ ရာခိုင်နှုန်းပိုများပါတယ်။

ပိုတက်ဆီယမ်က သွေးနဲ့ သွေးဖိအားကိုထိန်းညှိရာမှာအကျိုးပြုနိုင်ပြီး မာလကာသီးအစေ့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ bio-active ဒြပ်ပေါင်းတွေ ကြွယ်ဝတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ပါတယ်။

(၂) ဝမ်းချုပ်ခြင်းကို သက်သာစေ

မာလကာစေ့ရဲ့အကျိုးကျေးဇူးကတော့ ဝမ်းချုပ်နေတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။အစေ့မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အူတွင်းလှုပ်ရှားမှုကိုကောင်းစေပါတယ်။ ဒါ့အပြင် အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေး

မာလကာသီးဟာ ကင်ဆာဆဲလ်တွေကို တားဆီးပေးပြီး ကင်ဆာဆဲလ်တွေဖြစ်ပေါ်မှုကို ဖြေရှင်းပေးနိုင်ပါတယ်။ သူ့မှာအများအပြားပါတဲ့ lycopene ပါဝင်မှုကြောင့်လည်း ဆီးကျိတ်ကင်ဆာဝေဒနာသည်တွေအတွက် အေးဆေးနေထိုင်သွားလို့ရသလို ရင်သားကင်ဆာလည်း ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

(၄) ကိုလက်စထရော ထိန်းချုပ်မှု

ဒါတွေအပြင် မာလကာစေ့ဟာ polyunsaturated fatty acids တွေကြောင့် သွေးတွင်းကိုလက်စထရောကို ထိန်းချုပ်မှုမှာ အထောက်အကူပေးပါတယ်။

မာလကာစေ့တွေဟာ အမျှင်ဓာတ်လဲ ကြွယ်ဝတာကြောင့် အူအတွင်း သည်းခြေရည်စုပ်ယူခြင်းမှ ကာကွယ်ပေးပြီး သွေးတွင်းမှ ကိုလက်စထရောကိုလည်း လျှော့ချပေးပါတယ်။သို့သော် မာလကာစေ့တွေဟာ ကျောက်ကပ်မှာသွားကပ်မနေဖို့တော့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် မလိုလားအပ်တဲ့ အရာတွေမဖြစ်အောင် အတိုင်းအတာတစ်ခုထိပဲ စားတာကောင်းပါတယ်။

ဒါကတော့ မာလကာစေ့က ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတစ်ချို့ကို အခုလို စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။

Team(ရိုးရာလေး)

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top